April 29, 2024

၁၅.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလ ၁၄ ရက်နေ့က မှော်ဘီမြို့နယ်နှင့် ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် ကျုးကျော်တဲ ၁၀ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ဧပြီလ ၁၄ ရက်နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဘထ္ထရီအိုး ၁၂၀ အား ဆိုလာဖြင့် အားသွင်းရာမှ ဝါယာများ အပူလွန်ကဲပြီး မီးစထွက်၍ ဘေးရှိ အဝတ်ပုံပေါ်မှ ထရံသို့ မီးကူးစက်ကာ ကျုးကျော်တဲအိမ် ၉ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အလားတူ ဧပြီလ ၁၄ ရက် ည ၁၁ နာရီခန့်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၉ ရပ်ကွက်၊ မင်းနန့်စည်သူလမ်းဘေး ကျုးကျော်တဲတွင် လူမရှိဘဲ စားပွဲပေါ် ဖယောင်းတိုင် ထွန်းရာမှအနီးရှိ ထရံကို မီးကူးစက်၍ ကျုးကျော်တဲအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ကျုးကျော်တဲ ၉ လုံး မီးလောင်မှုကြောင့်အသက် ၃၇ နှစ်အရွယ် အိမ်ရှင် ဦးဆန်းဦးကို မှော်ဘီမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး ဒဂုံဆိပ်ကမ်းတွင် ကျုးကျော်တဲအိမ် ၁ လုံး မီးလောင်မှုကြောင့် အသက် ၂၇ နှစ်အရွယ် ကိုသက်နိုင်ဝင်းကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *