April 29, 2024

၁၅. ၄. ၂၀၂၄
Written by Nay Moe

လောင်းလုံးမြို့နယ် စမ်းလှန်းရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဇနီးမောင်နှံကို LLPDF က မဟာသင်္ကြန် အကျနေ့တွင် ဝင်ရောက်ပစ်သတ်ရာ ဇနီးလွတ်မြောက်သွားသော်လည်း ခင်ပွန်းဖြစ်သူ ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်တွင် ဧပြီ ၁၄ ရက် ည ၇ နာရီခန့်က လောင်းလုံးမြို့နယ် စမ်းလှန်းရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်(ပျူစောထီးခေါင်းဆောင်) ဦးအောင်ခင်အား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) အဖွဲ့မှ ၀င်ရောက်သတ်ဖြတ်ခဲ့သည်။ ဦးအောင်ခင်သည် ပင်လယ်ပြင်မှငါးဖမ်းလှေများအား ဆက်ကြေးကောက်ခံပေးခြင်း၊
တပ်စစ်ကြောင်းများခေါ်လာပြီး စစ်ကြောင်းထိုးရာ ပါဝင်ခြင်း၊ ပြည်သူများအား လက်ညှိုးထိုးဖမ်းဆီးခိုင်းခြင်း၊ ပျူစောထီးခေါင်းဆောင်အဖြစ်လုပ်ကိုင်နေခြင်းကြောင့် သတ်ဖြတ်သည်ဟုလည်း LLPDF က ဆင်ခြေပေးသည်။

ထို့ပြင် ဦးအောင်ခင်သည် တုတ်ပြီးဓားပြီးသေနတ်ပြီးသူဟုကြွေး​ကြော်ထားကြောင်း၊ ဇနီးဖြစ်သူမှာလည်း တာဝါတိုင်စခန်းကုန်း ရိက္ခာပို့ကြောင်း၊ ဦးအောင်ခင်တို့ဇနီးမောင်နှံအား LLPDF ဝင်သတ်ချိန် ဇနီးဖြစ်သူလွတ်မြောက်သွားကြောင်း၊ နေအိမ်မှ အီကွတ်မန့်တစ်စုံ လက်ပစ်ဗုံးတစ်လုံး ဓားတို ၃ ချောင်း၊ ပြည်သူ့စစ်ကတ်ပြားများနှင့် အဆောင်လက်ဖွဲ့များ သိမ်းမိခဲ့ကြောင်း LLPDF က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *