၂၃.၃. ၂၀၂၄
Written By Thandar

အိန္ဒိယနိုင်ငံမှာ တက်ရောက်နိုင်မယ့် International School နဲ့ University တွေကို မိတ်ဆက်တဲ့ INDIA Education Fair Myanmar 2024 ကို ဒီနေ့ မတ်လ ၂၃ ရက်နဲ့ မနက်ဖြန် မတ် ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ Wyndham Grand Yangon Hotel မှာ ကျင်းပနေပါတယ်။

“အိန္ဒိယပညာရေးက အာရှမှာ အဆင့် ၃ ရှိတဲ့ ပညာရေးပါ။ နိုင်ငံတကာ ကျောင်းသားတွေလည်းများပါတယ်။ မြန်မာကျောင်းသားတွေအတွက် စျေးသက်သက်သာသာနဲ့ တက်ခွင့်ရမယ့် အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းကျောင်းတွေကို မိတ်ဆက်ပေးတာပါ။ ကျွန်တော်တို့ မိတ်ဆက်ပေးတဲ့ International School နဲ့ University တွေမှာ ကျောင်းအိပ် ကျောင်းစားတွေလည်းရှိပြီး စျေးသက်သာတဲ့အတွက် နိုင်ငံတကာကျောင်းသားတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် မြန်မာကျောင်းသား၊ သူများကိုကူညီတဲ့အနေနဲ့ ဒီနှစ်ထဲမှာလာအပ်တဲ့သူတွေကို အိန္ဒိယတက္ကသိုလ်တွေက ဇူလိုင် Intake အတွက် ၅၀ ရာခိုင်နှုန်းအထိ ပညာသင်ဆုတွေပေးအပ်သွားမှာပါ။ အဲဒီပညာသင်ဆုတွေက ဒီနှစ်မှာ တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ပေးအပ်မှာဖြစ်ပါတယ်။ အရမ်းထူးချွန်တဲ့ ကျောင်းသား‌တွေဆိုရင် ၁၀၀ ရာခိုင်နှုန်းအထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ ကလေးတွေနဲ့အတူ မိဘတွေလိုက်ပါစောင့်ရှောက်ချင်သူတွေအတွက်လည်း ကျွန်တော်တို့ဘက်က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပါ “လို့ International Education Services Myanmar က မန်နေဂျင်းဒါရိုက်တာ ဦးကျော်နိုင်၀င်းက‌ ပြောပါတယ်။

International Education Services Myanmar(IESM)က စီစဉ်ကျင်းပတဲ့ INDIA Education Fair Myanmar 2024 ပြပွဲမှာ Sharda University ၊Vellore Institute of technology၊ CMR University၊ Chitkara University တွေအပြင် International School တွေဖြစ်တဲ့ HIM Academy Public School၊ SHARDA International School၊ SNIS International School နဲ့ JAYSHREE PERIWAL International School တို့ ပါ၀င်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News