၂၃. ၃. ၂၀၂၄
Written by Nay Moe

ကယားပြည်နယ်မှာ ၁၁၁၁ စစ်ဆင်​ရေးစတင်ပြီး​နောက်ပိုင်း မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်သလို တပ်စခန်း ၆၅ ခု သိမ်းပိုက်ထားတယ်လို့လည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက (၁၁၁၁) စစ်ဆင်ရေး စတင်အပြီးမှာ ကယားက မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းမယ်ခုံ၊ စတဲ့မြို့(၇)မြို့ကို ထိန်းချုပ်နိုင်ခဲ့​တယ်လို့ ကရင်နီ​တော်လှန်​ရေးတပ်​ပေါင်းစု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံလွင်မြစ် အ​ရှေ့ခြမ်း မယ်စဲ့၊ ရှား​တောမြို့နယ်တို့မှာ တပ်စခန်း လုံးလုံးမရှိ​တော့သလို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်ကစ ​လေးလ​ကျော်အတွင်း လွိုင်ကော်မြို့နယ်မှာ စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြို့နယ်မှာ စခန်း(၁၃) ခု၊ ဖားဆောင်းမြို့နယ်မှာ စခန်း (၉) ခု၊ ဘော်လခဲမြို့နယ်မှာ စခန်း(၅) ခု၊ ရှားတောမြို့နယ်မှာ စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်မှာ စခန်း (၁၇)ခု၊ မယ်စဲ့မြို့နယ်မှာ (၁)ခု၊ ဖရူဆိုမြို့နယ်မှာ (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုကို သိမ်းပိုက်ခဲ့တယ်လို့လည်း အသိ​ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *