၃.၃.၂၀၂၄
Written By Thandar

Shan Lay Movie Production က ထုတ်လုပ်တဲ့ မိသားစုဒရာမာဇာတ်လမ်းပုံစံ “ရင်ထဲကငိုကြွေးသံ” ဇာတ်လမ်းတွဲ ကန်တော့‌ပေးပွဲ‌ကို ယနေ့ မတ်လ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားဝန်း အောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ဒီဇာတ်လမ်းတွဲမှာ မင်းသားမော်ကွန်းသစ်ရဲ့ အဖေနေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ မိသားစုဒရာမာဇာတ်လေးကိုမှ အလှည့်အပြောင်းလေးတွေပါပါတယ်။ ခုနောက်ပိုင်း ကိုယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လေးတွေ သေချာ စိစစ်ပြီး ရွေးချယ်ရိုက်ဖြစ်ပါတယ်။ ကိုယ်က အသက်အရွယ်လေးတစ်ခု ရလာပြီ အဖေခန်း ဇာတ်ပို့တွေမှာ ပါဝင်ခွင့်ရလာလို့လည်း စိတ်ထဲမှာမထားပါဘူး” လို့ သရုပ်ဆောင် နေမျိုးအောင်က MT Entertainment ကို ပြောပါတယ်။

အပိုင်း ၁၅ ပိုင်းစာပါဝင်မယ့် ဒီဇာတ်ကားကို ဇာတ်လမ်း ရှမ်းလေး ၊ ဇာတ်ညွှန်း စွမ်းပိုင်နဲ့မောင်သစ္စာတို့က ရေးသားပြီး ဒါရိုက်တာ တင်အောင်ကျော်က လာမယ့် မတ်လ ၈ ရက်နေ့က စတင်ကာ ရန်ကုန်မြို့မှာရိုက်ကူးမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အဖြစ် မော်ကွန်းသစ် ၊ ဧကရီမွန် ၊ နေမျိုးအောင် ၊ အထွယ် ၊ ကြည်ဖြူအောင် စတဲ့အနုပညာရှင်တွေ ပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *