၁. ၃. ၂၀၂၄
Written by Pan Ei

ထိုင်း-မြန်မာနယ်စပ်မှာ ဟင်းသီးဟင်းရွက်ခြင်းတွေကြား ပုန်းကွယ်ကာ ထိုင်းနိုင်ငံထဲဝင်ဖို့ တရားမဝင် ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို တာ့ခ်ခရိုင် မဲဆောက်-သဆောင်ယန်းလမ်းပေါ်ရှိ အမှတ် (၃၅) ရိန်းဂျားတပ်ဖွဲ့က စစ်သားတွေက ပုံမှန်လုပ်ဆောင်နေကြအတိုင်း ယာဉ်တစ်စီးကို ရပ်တန့်ခိုင်းချိန် ထိတ်လန့်ဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၉ ရက် မနက်အစောပိုင်းက အဆိုပါ စစ်ဆင်ရေးအတွင်း လိုင်စင်နံပါတ်ပြား PH-7718 ပါ တိုယိုတာ ပစ်ကပ်ထရပ်ကားထဲမှာ မြန်မာနိုင်ငံကတရားမ၀င်အလုပ်သမားရှစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ပါဝင်ခဲ့သလို စစ်ဆေးရာမှ တွေ့ရှိခဲ့တဲ့ တာဝန်ရှိသူတွေက အံ့အားသင့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆို အဲ့ဒီ တရားမဝင်ခိုးဝင်ဖို့ ကြိုးစားကြသူတွေဟာ ကျဉ်းမြောင်း နံစော်တဲ့ အခြေအနေတွေမှာ နာရီပေါင်းများစွာကို သည်းခံနိုင်တဲ့ ထူးထူးခြားခြား ခံနိုင်ရည် စွမ်းရည်ကိုလည်း ပြသခဲ့ကြလို့ဖြစ်တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားတာပါ။

အဲ့ဒီ တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဘာသာပြန်တစ်ဦးရဲ့အကူအညီနဲ့ စစ်ဆေးမေးမြန်းပြီးနောက် သူတို့ဟာ ညဘက်မှာ အမည်မသိ သဘာဝလမ်းကြောင်းတစ်ခုကတစ်ဆင့် နယ်စပ်ကိုဖြတ်ကျော်လာခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူတို့ဟာ ပွဲစားတစ်ဦးကို ဘတ်ငွေ ၆,၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၇) ပေးကာ ဟင်းရွက်ခြင်းတွေအတွင်း နာရီပေါင်းများစွာ ဖုံးကွယ်ပြီး လိုက်ဖို့ ညွှန်ကြားခံထားရပြီး သူတို့ရဲ့ ခုလို ကျဉ်းမြောင်း နံစော်မှုတွေကို သည်းခံရတဲ့ အဆုံးစွန်သော ရည်ရွယ်ချက်က တရားမဝင် အလုပ် လုပ်ကိုင်ဖို့အတွက် ဘန်ကောက်ကို ရောက်ရှိဖို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေက အဆိုပါ တိုယိုတာ ပစ်ကပ်ထရပ်ကားယာဉ်မောင်းနဲ့ တူဖြစ်သူကို တရားမဝင် အလုပ်သမားတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားပြီး ယာဉ်ကို သိမ်းဆည်းခဲ့ကာ အဖမ်းခံရသူတွေကို တာ့ခ်ခရိုင် မဲရမတ် ရဲစခန်းကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

Related News