၂၈.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ မင်းကျော်စွာ(၉) လမ်းရှိ နေအိမ်တစ်လုံးတွင် အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေမှု အောက်တိုဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက်လေးနှစ်အရွယ် မယွန်းယွန်းဖြစ်ပြီး ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာနှင့် ဝမ်းဗိုက်တွင်ဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
သေဆုံးကလေးငယ်၏ ရုပ်အလောင်းကို ရွှေသိပ္ပံလူမှုကူညီရေးအသင်းမှ အသင်းဝင်များက လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရပြီး ကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
