MT News
၁. ၃. ၂၀၂၄

KIA နဲ့ PDF တွေ ဖေဖော်ဝါရီ ၂၈ ရက်က လာရောက် ဖမ်းဆီးသွားတဲ့ ရှမ်းနီစာ​ပေနဲ့ ရိုးရာယဥ်ကျေးမှုအဖွဲ့အတွင်းရေးမှူးကို အမြန်လွှတ်ပေးဖိုနဲ့ ဒီလိုမျိုး ရိုးသားအေးဆေးသူကို ဖမ်းဆီးမှုအပေါ် ရှုတ်ချတယ်လို့ မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S)က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်ဟာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာမှာ နေထိုင်တဲ့ ရှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် ဦးခင်မောင်ကြည်ကို ဥရုမြစ် အနောက်ဘက်ရှိ ဒေသအခေါ် နမ့်နန်းလှိုင် ရှမ်းစစ်ရှောင်စခန်းမှာ (၂၈.၂.၂၀၂၄) ရက် နေ့လယ် ၁ နာရီအချိန်ခန့်က KIA နဲ့ PDF လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အသက် ၅၁ နှစ်အရွယ် ဦးခင်မောင်ကြည်ဟာ ဖားကန့်ဒေသ တာမခန်ရှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ ရိုးသားဖြောင့်မတ်ပြီး စိတ်သဘောထားကောင်းမွန်တဲ့ ရှမ်းနီမျိုးနွယ်စုအရေးတက်ကြွစွာလှုပ်ရှားပြီး လက်ရှိမှာလည်း ရှမ်းနီစာပေ၊ ရိုးရာယဥ်ကျေးမှုနဲ့ ရပ်ရေးရွာရေးမှာ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။

ဒီလိုမျိုး အပြစ်မဲ့ပြည်သူ ဌာနေရှမ်းနီတိုင်းရင်းသား ဦးခင်မောင်ကြည်ကို KIA နဲ့ PDF တွေက ဖမ်းဆီးခေါ် ဆောင်သွားတာနဲ့ ပတ်သက်ပြီး မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S) က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနဲ့ မလိုအပ်တာ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဦးခင်မောင်ကြည်ကို အမြန်ဆုံး လွတ်ပေးဖို့ မိသားစု၊ ဆွေမျိုး မိသင်္ဂဟများကိုယ်စား တောင်းဆိုတယ်လို့လည်း မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *