၂၄. ၂. ၂၀၂၄

Photo by Naing Thuta

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်(ဩဝါဒပါတိမောက်နေ့)အခါတော်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့)ညနေပိုင်းတွင် မန္တလေးမြို့အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဖူးမြော်ကြည်ညိုကြသည့် ဗုဒ္ဓဘာသာဝင်သူတော်စင်များ၏ ကုသိုလ်ပြုမြင်ကွင်းများပင် ဖြစ်သည်။

မန္တလေးမြို့အတွင်းရှိ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား၊ ရန်ကင်းတောင်ဘုရား၊ ကျောက်စိမ်းဘုရား၊ စွယ်တော်မြတ်ဘုရားအသီးသီးတို့၌ ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ဘုရားလာရောက်ဖူးမြော်၍ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပရိတ် ပဌာန်း ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပန်းကပ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ရေသပ္ပါယ်ခြင်း၊ နံ့သာသွေးခြင်း၊ လိပ်စာ ငါးစာကျွေးခြင်း၊ ငါးများအား ဘေးမဲ့လွတ်ပေးခြင်းများ ကုသိုလ်ပြုလျှက်ရှိကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *