MT News
၂၄. ၂. ၂၀၂၄

သတင်းအရ ရှာဖွေရာက လူငယ် ၄ ဦးထံမှ ကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ပြည်ကြီးတံခွန်နှင့် အောင်မြေသာဇံမြို့နယ်တို့တွင် ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း(တပင်ရွှေထီးလမ်း)၊ ၆၄ x ၆၅ လမ်းကြားရှိ ကျော်စွာ၀င်း ငှားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အေးချမ်းသူနှင့် မျိုးမင်းသိန်း တို့အားတွေ့ရှိပြီး နေအိမ်ခြံ၀င်းအတွင်း ရပ်တန့်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၈.၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀၆၂.၅ သိန်း)၊ ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စွာ၀င်း(၃၈)နှစ်၊ အေးချမ်းသူ(၃၆)နှစ် နှင့် မျိုးမင်းသိန်း(၃၄)နှစ်တို့အား စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၁ နာရီ အချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်း၊ ၈၈ x ၈၉ လမ်းကြားရှိ ဟိုတယ်၊ အခန်းအမှတ် — အား ၀င်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ ချမ်းညိမ်းဖြိုး အားတွေ့ရှိပြီး အခန်းအတွင်းမှ ဘိန်းဖြူအလေးချိန် ၁.၇၅၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၅.၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ချမ်းညိမ်းဖြိုး(၃၃)နှစ်အား အမှတ်(၅)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *