၂၂. ၁. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်းက PDF သုံးဖွဲ့ပေါင်းပြီး မင်းလှမြို့နယ်၊ ထန်းပင်ကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ လုပ်ကြံသတ်ဖြတ်လိုက်တဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ထားပါတယ်။

ဒီလုပ်ကြံမှုကို မနေ့က ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနဲ့ ပျဥ်းမကုန်းကျေးရွာ ရာအိမ်မှူး ဦးနိုင်ကြီးတို့ကို သဲကောကျေးရွာအနီးမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၊ တပ်ခွဲ (၂)နဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF သုံးဖွဲ့ ပူးပေါင်းပြီး သေနတ်နဲ့ စောင့်ကြိုချောင်းမြောင်း ပစ်ခတ်လိုက်တာပါ။

လက်နက်မဲ့ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးကို PDF သုံးဖွဲ့ပေါင်းပြီး ချောင်းမြောင်းပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ရာအိမ်မှူး ဦးနိုင်ကြီး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃)က ပြောပါတယ်။

PDF သုံးဖွဲ့ပေါင်းပြီး ချောင်းမြောင်းလုပ်ကြံခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ ပြည်သူ့စစ် သင်တန်းတက်ဖို့ ခြိမ်းခြောက် ဖိအားပေး စုဆောင်းနေတဲ့အတွက် သတ်လိုက်တာလို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃)က ထုတ်ပြန်ချက်မှာ ဖော်ပြပေမဲ့ MT News အနေနဲ့ ဒီစွပ်စွဲချက် မှန်မမှန်အတည်မပြုနိုင်ခဲ့ပါဘူး။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးတွေ အများအပြားသတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *