MT News
၂၁. ၁. ၂၀၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား TNLA က ဇန်နဝါရီ ၁၀ ရက်မှ စ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ် ပြိုကျပျက်စီးသွားခဲ့ကြောင်းသိရှိရပြီး အဆိုပါစေတီတော်အတွင်း ဋ္ဌာပနာထားသည့် ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူပေါင်းကာ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ်သည်။

ယခင်ရက်ပိုင်းတွင်လည်း TNLA ၏ ညီနောင်မဟာမိတ် MNDAA က လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အားသံတူဖြင့်ထု၍ ဖြိုချဖျက်ဆီးခဲ့၍ တစ်နိုင်ငံလုံး ကန့်ကွက်မှု ယခုအချိန်အထိ ဖြစ်ပွားနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *