၃၀. ၁၂. ၂၀၂၃
Written by Pan Ei

ကမ္ဘာတစ်ဝန်းမှာ အပြောင်းအလဲများစွာ၊ အကြောင်းအရာများစွာနဲ့ ၂၀၂၃ ခုနှစ်ဟာဆိုရင် မနက်ဖြန်ဆိုရင် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ ခေါင်းဆောင်အသစ်တွေ ရှိနေပြီဖြစ်ပြီး အင်ဒိုနီးရှားဟာလည်း သမ္မတသစ်တစ်ဦးကို ရွေးချယ်ဖို့ လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ၂၀၂၃ ခုနှစ်အတွင်း အာရှက အောင်နိုင်သူတွေနဲ့ ကျရှုံးသူတွေကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ရေးသားဖော်ပြလိုက်ပါတယ်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာခဲ့တဲ့ အိန္ဒိယရဲ့ အာကာသအေဂျင်စီအတွက်တော့ ၂၀၂၃ ခုနှစ်က အကောင်းဆုံးနှစ်လို့ ပြောရမှာဖြစ်ပြီး အိန္ဒိယ Chandrayaan-3 အာကာသယာဉ်ဟာ ဩဂုတ်လ ၅ ရက်က လရဲ့ပတ်လမ်းအတွင်းကို စတင်ဝင်ရောက်ခဲ့ကာ ဩဂုတ်လ ၂၃ ရက်မှာ လပေါ် ဆင်းသက်နိုင်ခဲ့တာပါ။ အိန္ဒိယအာကာသသုတေသနအဖွဲ့(ISRO)ရဲ့ နောက်ဆုံး ပေါ်လမစ်ရှင်ဟာ နေရာတိုင်းက အာကာသစူးစမ်းလေ့လာရေးဝါသနာရှင်တွေကို အံ့ဩသွားစေနိုင်ရုံသာမက အဲ့ဒီမစ်ရှင်ဟာ အိန္ဒိယနိုင်ငံကို အာကာသအတွင်း ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ် ရပ်တည်စေနိုင်ခဲ့ပြီး အရင်က အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်နိုင်ငံတို့ကသာ လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်ထဲ တောင်ကိုရီးယားမှာ စစ်မှုထမ်းနေတဲ့ BTS အဖွဲ့ဝင်တွေနဲ့ TIME မဂ္ဂဇင်းရဲ့ “2023 Person of the Year” အဖြစ် တေလာဆွစ် သတ်မှတ်ခံခဲ့ရပြီး ပြီးဆုံးသွားဖွယ်ရှိခဲ့ပေမဲ့ အာရှက အမျိုးသမီး ကေပေါ့ပ်စူပါစတားလေးယောက်အတွက်တော့ ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်ဆိုတာတော့ ချန်ထားလို့မရပါဘူး။

Jisoo၊ Jennie ၊ Rose နဲ့ Lisa တို့ ပါဝင်တဲ့ Blackpink အဖွဲ့ဟာ ဧပြီလအစောပိုင်းမှာ Coachella မှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အာရှအမျိုးသမီးအဖွဲ့ဖြစ်လာခဲ့ပြီး သူတို့ရဲ့အယ်လ်ဘမ် “Born Pink” ဟာလည်း ၂၀၀၈ ခုနှစ်ကတည်းက နံပါတ် (၁) နေရာသို့ရောက်ရှိခဲ့တဲ့ အမျိုးသမီးအနုပညာရှင်တွေရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့လိုက် လှုပ်ရှားမှုတွေကို YG Entertainment နဲ့ပဲ သက်တမ်းတိုးခဲ့ပြီးနောက် YG ရဲ့ ရှယ်ယာတွေက်ိုလည်း ၂၆ ရာခိုင်နှုန်းအထိ ခုန်တက်သွားစေခဲ့ပါသေးတယ်။

Blackpink အဖွဲ့အတွက် ၂၀၂၃ ခုနှစ်က ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဒါတင်မကသေးဘဲ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်ခရီးစဉ်အတွင်းမှာ ဗြိတိန်အစိုးရက Blackpink အဖွဲ့ကိုလည်း ဂုဏ်ပြုညစာစားပွဲကိုဖိတ်ကြားခဲ့ရုံသာမက ဗြိတိန်အစိုးရက ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု(MBE) ကိုလည်း Blackpink အဖွဲ့ဝင်တွေကို King Charles III ကိုယ်တိုင် နိုဝင်ဘာ ၂၂ ရက်က ပေးအပ်ချီးမြှင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မတ်လမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အော်စကာဆု ရရှိခဲ့တဲ့ အာရှတိုက်က ပထမဆုံးသော အာရှသူ ဖြစ်လာခဲ့တဲ့ မလေးရှား မင်းသမီး Michelle Yeoh ဟာလည်း ကမ္ဘာကျော် အနုပညာရှင်တွေကြားမှာ အာရှမင်းသမီးတစ်ဦးအနေနဲ့ တောက်ပြောင်ခဲ့ပါသေးတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ အခုနှစ်နိုဝင်ဘာလမှာ ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်ခဲ့တဲ့ APEC ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ လူကိုယ်တိုင် ထပ်မံတွေ့ဆုံခဲ့ပြီး- အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ရောထွေးတဲ့ နှစ်တစ်နှစ်ကို မီးမောင်းထိုးပြတဲ့ နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကတော့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ်ထဲမှာ အမေရိကန်တို့က “တရုတ်သူလျှိုပူဖောင်း” လို့ခေါ်တဲ့ ပစ်ချခံရမှုနဲ့ အိုပီရွိုက် မူးယစ်ဆေးဝါး ကုန်သွယ်ရေးစတဲ့ ကိစ္စရပ်တွေမှာ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်တို့အထိ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးစလုံးဟာ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ တရုတ်စီးပွားရေးနှေးကွေးမှုအပါအဝင် ပြည်တွင်းပြဿနာတွေကို အာရုံစိုက်နေကြတာကြောင့် ၂၀၂၄ ခုနှစ်က ပိုပြီး အကောင်းအဆိုးရောနှောတဲ့ နှစ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံသားသန်းပေါင်းများစွာဟာ တိုက်ခန်းအိမ်ရာတွေအတွက် စရံငွေချပြီးသားဖြစ်ပေမဲ့ တိုက်ခန်းတွေကို ဘယ်အချိန်မှ ဆောက်လုပ်မလဲမသိတာကြောင့် ၂၀၂၃ ခုနှစ်ဟာ တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်အတွက် အထူးဆိုးရွားတဲ့နှစ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကြီးထွားဆဲဖြစ်ပေမဲ့ နှေးကွေးနေပြီး တရုတ်အိမ်ခြံမြေဈေးနှုန်းတွေ ဆက်လက်ကျဆင်းနေတာကြောင့် IMF က စိုးရိမ်ကြောင်း ဖော်ပြခဲ့ကာ Moody’s Investors ဝန်ဆောင်မှုကလည်း တရုတ်နိုင်ငံရဲ့အိမ်ရာကဏ္ဍအပေါ် အမြင်ကို အနုတ်လက္ခဏာအဖြစ် ဖော်ပြခဲ့ပါတယ်။ ရပ်တန့်နေတဲ့ တိုက်ခန်းစီမံကိန်းတွေကို အပြီးတိုင် ဆောက်လုပ်ခြင်းကနေ ရှောင်ရှားနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို နိုင်ငံပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းများက ဆက်လက်ဆောက်လုပ်ဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တချို့သော တရုတ်နိုင်ငံသား ရှားရှားပါးပါး ပြည်တွင်းဆန္ဒပြမှုပုံစံနဲ့ ပေါင်နှံငွေတွေကို အစုလိုက်အပြုံလိုက် ပေးဆောင်ဖို့ ငြင်းဆိုနေကြပြီး တစ်ချိန်က နေစရာတစ်ခုထက်ပိုရှိခဲ့တဲ့ တရုတ်နိုင်ငံမိသားစုတွေနဲ့ လူတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ၂၀၂၃ ခုနှစ်က သူတို့ကြုံတွေ့ရတဲ့ ဆိုးရွားတဲ့နှစ်မဟုတ်ဘူးလို့ပြောဖို့ ခက်တဲ့ နှစ်ဖြစ်နေမှာပါ။

၂၀၂၃ ခုနှစ်က အာရှတိုက်က အခက်အခဲတွေကို မေ့ပျောက်ခံရတဲ့ နှစ်တစ်နှစ်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ယူကရိန်းနဲ့ ဂါဇာက စစ်ပွဲတွေကြောင့် ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွေဟာ ဦးစားပေးပြောင်းသွားခဲ့ပြီး မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်တို့အပါအဝင် အာရှမှာ အကျပ်အတည်းတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အာဏာ အငြင်းပွားမှုဖြစ်ပွားပြီးနောက်ပိုင်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး အောက်တိုဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးသူ ၅၇၈,၀၀၀ ကျော်ရှိကာ တိုက်ပွဲများမဖြစ်ပွားမီ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒါကြောင့် မြန်မာနိုင်ငံ၊ အာဖဂန်နစ္စတန်နဲ့ တခြားနေရာတွေမှာသာမက အာရှရဲ့ မေ့ပျောက်ခံနေရတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအတွက် ဝမ်းနည်းစရာဖြစ်နေကာ ၂၀၂၃ ခုနှစ်က အာရှရဲ့ “အဆိုးဆုံးနှစ်” ဖြစ်နေစေပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ အာရှသာမက ကမ္ဘာ့ဒေသအသီးသီးမှာ အခက်အခဲတွေ ပိုမိုပြေလျော့နိုင်ပြီး အဆင်ပြေမှုတွေ ကြုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။

Ref; the Jakata post

Leave a Reply

Your email address will not be published. Required fields are marked *

Related News