၅.၁၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ညောင်ပင်ကျေးရွာ၊ နှင်းဆီနှင့် ရန်ကုန်လမ်းထောင့်တွင် ဒီဇင်ဘာလ ၅ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ငရုတ်သီးစက်ရုံရှိ ငရုတ်သီးလှော်ဖိုမီးလောင်မှုမှာ ငရုတ်သီးလှော်ဖိုအတွင်း ထင်းမီးဖြင့် အပူပေး၍ လှော်ရာမှ အပူလွန်ကဲကာ ငရုတ်သီးများ မီးစတင်လောင်ကျွမ်းရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုကြောင့် ငရုတ်သီးမွှေစက်၊ ဝါယာကြိုးများနှင့် ငရုတ်သီးပိဿာ ၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အလုပ်သမားတစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် သရက်ပင်ချောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
