၂၁. ၁၁. ၂၀၂၃
Written by Pan Ei

စံချိန်ပေါင်းများစွာချိုးကာ အောင်မြင်မှုများစွာရရှိထားတဲ့ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဖျော်ဖြေခဲ့တဲ့ တေလာဆွစ်ရဲ့ဖျော်ဖြေပွဲတွေမှာ လူနှစ်ဦးသေဆုံးမှု၊ ဖျားနာမှုတွေနဲ့ လုယက်မှုတွေ ရှိခဲ့တာကြောင့် ပရိသတ်တွေက ဒေါသထွက်ကာ စိတ်ပျက်ခဲ့ကြရပါတယ်။

တေလာဆွစ်ဖျော်ဖြေပွဲကို ကြည့်ရှုဖို့ နိုင်ငံအနောက်အလယ်ပိုင်းဒေသကနေ ထွက်ခွာလာသူ အသက် ၂၅ နှစ်အရွယ် Gabriel Mongenot Santana Milhomem Santos ဆိုသူဟာ တနင်္လာနေ့ မနက် ၃ နာရီလောက်က Copacabana ကမ်းခြေမှာ ဓားနဲ့ထိုးသတ်ခံခဲ့ရကြောင်း ရီယို ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_11-14-02-3.jpg

ဒါဟာ လေးရက်အတွင်း တေလာဆွစ်ရဲ့ အမာခံ ပရိသတ်တစ်ဦးရဲ့ ဒုတိယအကြိမ် သေဆုံးမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း အသက် ၂၃ နှစ်အရွယ် Ana Clara Benevides Machado ဟာ အပူရှိန်ကြောင့် ဖျော်ဖြေပွဲအတွင်း လဲကျခဲ့ပြီး အဲ့ဒီနေ့ညနေပိုင်းဆေးရုံမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တခြားပရိတ်သတ်တွေကလည်း အပူလွန်ကဲမှုကြောင့် မူးလဲခြင်း၊ လုယက်ခံရခြင်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းမှုမှာ ဖမ်းမိခံရခြင်းတို့ကိုလည်း ဖော်ပြခဲ့ကြပါတယ်။ အပူလှိုင်းဖြတ်နေတဲ့ ဘရာဇီးနိုင်ငံမှာ သောကြာနေ့ ဖျော်ဖြေပွဲမစခင် ပရိသတ်တွေတန်းစီနေကြချိန် အပူချိန်က ၄၁ ဒီဂရီဆဲစီးယက်အထိ မြင့်တက်ခဲ့ပြီး အပူဒဏ်မခံနိုင်ကြောင်း ပရိသတ်တချို့ကညည်းညူခဲ့ကြကာ “ကျွန်မရဲ့အိပ်မက်က အိပ်မက်ဆိုးကြီးဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး” လို့လည်း ပရိသတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_11-14-03.jpg

တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲကို ဘရာဇီးမှာ ပြင်းထန်တဲ့ အပူ လှိုင်း​ဖြတ်သန်းနေတာကြောင့်နဲ့ ပရိသတ်တွေ ရေဓာတ်ခန်းခြောက်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာကြောင့် စနေနေ့ည ရှိုးပွဲကို တနင်္လာနေ့ညအထိ ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *