၃၀. ၁၀. ၂၀၂၃

Written by Zaw Moe

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို TNLA က ရှော့ခ်တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သာယာကုန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် TNLA က နမ့်ခမ်းမြိုအတွင်းသို့ မြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ ရှော့ခ်တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒုံးသီးများသည် နမ့်ခမ်းမြို့၊ သာယာကုန်း ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ်များ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒဏ်ရာရရှိသည့် ကလေးငယ်အား နမ့်ခန်းမြို့ပြည်သူ့ဆေးရုံသို ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *