◾ ဆွေးနွေးချက်များ ထိရောက်စွာအကောင်အထည် ဖော်နိုင်ရေး နှစ်နိုင်ငံဝန်ကြီးများ လက်မှတ်ရေးထိုး

၃၀. ၁၀. ၂၀၂၃

Written by Nyein Kyaw

ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား ယနေ့ နေပြည်တော်၌ ဆွေးနွေးခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်၍ ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက် (ယနေ့)တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Lianyungang) နှင့် တရုတ်- အာဆီယံရဲတပ်ဖွဲ့ ဖိုရမ်ကဲ့သို့သော အစည်းအဝေးများ တက်ရောက်နိုင်ရေး၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) ကို အကောင်အထည်ဖော်ဆောင်ရွက်‌ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

This image has an empty alt attribute; its file name is 395615370_122132301650030934_7924657284603331469_n.jpg

ထို့ပြင် စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ပူးတွဲ‌ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့သည်။

အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း‌ ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ဆွေးခဲ့သည်။အဆိုပါ ဝန်ကြီးဌာနအဆင့် အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးခဲ့သည့် အချက်များအား ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News