၃၀. ၁၀. ၂၀၂၃
Written by Nay Moe

​​NUG ဩဇာခံ မန္တလေး PDF က တောင်သမန်စစ်ဆင်ရေးအတွင်း ဗိုလ်မှူးအဆင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်အပါအဝင် လခရ ၇ ဦးကို ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ထားသည်။

မန္တလေး PDF သည် MNDA၊ AA နှင့် TNLA မြောက်ပိုင်းသုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲဖော်ဆောင်တိုက်ခိုက်နေပြီး အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၃၀ အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး ၊ နှစ်ပွင့်ဗိုလ်အဆင့်ရှိ တပ်ဖွဲ့ဝင် ၁ ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိတပ်ဖွဲ့ဝင် ၂ ဦး၊ ပြည်သူ့စစ် ၂ ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-10-31_10-02-10-1024x769.jpg

မန္တလေး PDF သည် အောက်တိုဘာ ၂၉.ရက် နံနက် ၄ နာရီခွဲတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ လခရများအား TNLA နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာမှ လခရ အလောင်း ၈ လောင်း ၊ MA1 ၅ လက် ၊ MA3 ၁ လက် ၊ MA4 ၁ လက်၊ ၆၀မမ စိန်ပြောင်း ၁ လက်နှင့် ဆက်စပ်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *