၃၁. ၁၀. ၂၀၂၃
Written By Treasure

ကမ္ဘာ့အဆင့် ၁၉၇ မှာ ရပ်တည်နေသလို အာဆီယံဘောလုံးလောကမှာလည်း ဖွံဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ တီမောလက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဒီလီအားကစားကွင်းကို ကမ္ဘာဘောလုံးအဖွဲ့ချုပ် (Fifa)က အမေရိကန်ဒေါ်လာ ၃ သန်း တန်ဖိုးရှိ အသစ်ပြန်လည်တည်‌ဆောက်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမယ်လို့ အာဆီယံအခြေစိုက် အားကစားစာမျက်နှာတစ်ခုဖြစ်တဲ့ Asean Football ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Asean Footballရဲ့ ဖော်ပြချက်အရတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ပြိုင်ပွဲတွေ လက်ခံကျင်းပဖို့အတွက် နိုင်ငံတကာစံနှုန်းများနဲ့အညီ ဒီလီမြူနီစီပယ်အားကစားကွင်း ပြန်လည်တည်ဆောက်ဖို့ Fifa က အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးသွားမှာ ဖြစ်သလို လက်ရှိအချိန်မှာတော့ တီမောဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာ့‌ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ သဘောတူညီချက် ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_10-32-50.jpg

တီမောလက်ရွေးစင်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဒီလီမြူနီစီပယ်အားကစားကွင်းကို ၁၉၈၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းပြီးဆုံးချိန်မှာ ပရိသတ် ၅၀၀၀ ဆန့် ဘောလုံးကွင်းအဖြစ် တွေ့မြင်ခဲ့ရပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ တီမောအသင်းအိမ်ကွင်းပွဲစဉ်တွေကို လက်ခံကျင်းပနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ တီမောနိုင်ငံမှာ ဘောလုံးအားကစား လူကြိုက်လာဖို့နဲ့ တီမောလက်ရွေးစင်အသင်း ပိုမိုအဆင့်တန်းမြင့်မားလာစေဖို့အတွက် နှစ်စဉ်ထောက်ပံ့မှုတွေပြုလုပ်ပေးလျှက်ရှိပြီး လက်ရှိအချိန်အထိ တီမောဘောလုံးအဖွဲ့ချုပ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ အထိ လက်ခံရရှိထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *