MT News

Written by Nay Moe

နိုင်ငံ့ဝန်ထမ်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့သူ ခုနစ်ဦးကို ကျဆုံး PDF တွေအတွက် သွေးကြွေးဆပ်တယ်လို့ပြောပြီး ရောင်နီပြောက်ကျား PDF အဖွဲ့က လ-ည်- လှီး -သ-တ်-ဖြ-တ် နေတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာပါတယ်။

ရုပ်သံဖိုင်မှာဆိုရင် ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ တူးထားတဲ့ကျင်းထိပ်မှာ လူခုနစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်မေးနေသလို စစ်မေးခံနေရသူတွေမှာ လခရ၊ ထွေအုပ် အပါအဝင် ၆ ဦးနဲ့ မန်ကျည်းတုံရွာက (ဒလန်)ဦးပြူးမောင်ရဲ့တပည့်ဆိုသူ ပါဝင်ပါတယ်။ ဒူးထောက်လက်ပြန်ကြိုးတုပ်ထားသူတွေကို ထွေအုပ်ကဆိုတာ၊ လခရဆိုတာ၊ ဒလန်ရဲ့တပည့်ဆိုတာ အတည်ပြုပြီးနောက်မှာ လ-ည်- လှီး -သ-တ်-ဖြ-တ်ပြီး တူးထားတဲ့ကျင်းထဲ ကန်ချလိုက်ပါတယ်။

စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတဲ့သူ ၇ ဦးကို သ-တ်-ဖြ-တ်လိုက်တဲ့ ရောင်နီပြောက်ကျား PDF အဖွဲ့ဟာ NUG လက် အောက်ခံအဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ကံသစ်ရွာသားတွေနဲ့ ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်း ရွှေဘို၊ ခင်ဦး၊ ဝက်လက်နယ်တဝိုက်မှာ လှုပ်ရှားပါတယ်။ သူတို့စစ်မေးတဲ့အထဲပါတဲ့ မန်ကျည်းတုံရွာဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာရှိပြီး နာမည်ကျော်စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ ဇာတိလို့လည်း လူသိများပါတယ်။

PDF တွေ စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့ရုပ်သံဖိုင်ဟာ အနိဋ္ဌာရုံမြင်ကွင်းဖြစ်ပေမဲ့ ကြည့်ရှုလိုတယ်ဆိုရင်တော့ MT News ရဲ့ တယ်လီဂရန်မှာ ကြည့်ရှုနိုင်ပါတယ်။

◾ရုပ်သံကြည့်ရှုရန်

https://t.me/MT_News_Media/16552

◾ ကံသစ်ရွာက ရောင်နီပြောက်ကျားတပ်ဖွဲ့ ရဲ့ လုယက်သ-တ်-ဖြ-တ်မှုတွေကို MT News ရဲ့ ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *