၁. ၉. ၂၀၂၃
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၌ တာဝန်ကျနေသော ဗိုလ်ကြီးတင်မျိုးအောင်ကို အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာစဉ် PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ (မြေအောက်ပျောက်ကြားတပ်ဖွဲ့-အုတ်ဖို) က ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီ ၄၀ ၌ ချောင်းမြောင်း ပစ်ခတ်သ-တ်ဖြတ်လိုက်သည်ဟု သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-01_09-46-15-2-461x1024.jpg

အဆိုပါ ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတင်မျိုးအောင်မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့ပြင် ၎င်းထံမှ MA3 သေနတ် (၁)လက်၊ ဖုန်း(၁)လုံး၊ ပိုက်ဆံအိတ် (၁)လုံး၊ ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် ပြန်တမ်းဝင်ကတ်တို့ကိုပါ သိမ်းဆည်းခဲ့သည်ဟု Bago Region PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *