၃၁. ၈. ၂၀၂၃

Written by Nyein Kyaw

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဝင်ရောက်ခွင့်နှင့် ပက်သတ်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေး၊ ဝင်ရောက်ခွင့်နှင့် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြုလုပ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဘုရားကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းထားဖြင့် ကောက်ခံသွားရန်လိုကြောင်း၊ ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ ဝင်ရောက်ရပ်နားမှုနှင့် ပတ်သက်၍ ကိုယ်ပိုင်ယာဉ်ငယ်များကိုသာ ဝင်ရောက်ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

This image has an empty alt attribute; its file name is 371895550_171254752658674_7606013384974410832_n.jpg

ဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်ထိန်းသိမ်း စောင့်ရှာက်နိုင်ရန်အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များ၊ စီမံခန့်ခွဲမှုလိုအပ်ချက်များကို ရေရှည်အတွက် ယခုသုံးလတာကာလ အတွေ့အကြုံရရှိမှုများအပေါ် တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စတင်ဖူးမြော်ခွင့်ပေးခဲ့သည့်အချိန်မှ ဩဂုတ် ၃၀ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ သံဃာတော် ၈,၂၄၁ ပါး၊ သီလရှင် ၁,၉၉၈ ပါး၊ လူပုဂ္ဂိုလ် ၃၂၇,၈၇၁ ဦး စုစုပေါင်း ၃၃၈,၁၁၀ ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *