၂၈. ၈. ၂၀၂၃
Written By Thandar

အသံအားကောင်းကောင်းနဲ့ ပရိသတ်ရင်ထဲ ထိုးဖောက်ခဲ့တဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်ဟာ မနက်ဖြန် သြဂုတ် ၂၉ ရက်မှာ ကျရောက်မယ့် မွေးနေ့အတွက် Birthday Show အမိုက်စားတေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

သူမရဲ့ ဖျော်ဖြေပွဲကို သြဂုတ် ၂၉ ရက် ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ သမ္မတ အဆင်မြင့်ရုပ်ရှင်ရုံမှာ Irene Zin Mar Myint’s Birthday Show ကို ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-28_09-51-38-568x1024.jpg

“အမိုက်စားဖျော်ဖြေတင်ဆက်မှုတွေကို တို့နဲ့အတူ တဝကြီးခံစားပြီး အတူတူ ရွက်လွှင့်ချင်အောင် ဖန်တီးထားပါတယ်။ အိုင်ရင်းရဲ့ မွေးနေ့ရှိုးလေးကို သီချင်းတွေနဲ့ အကောင်းဆုံးတင်ဆက်ပေးသွားမှာမို့ အခုပဲ ပြေးဝယ်လိုက်တော့နော်။ အနားနီးလို့ လက်မှတ်မရရင် အားနာနေရမှာမို့ LUCKY HAND MUSIC BAND နဲ့အတူ အားရပါးရ တီးခတ်ပေးသွားမယ်”လို့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ပရိသတ်သိအောင်ပြောလာပါတယ်။

သူမကမွေးနေ့မှာ တေးဂီတဖျော်ဖြေပွဲရှိတဲ့အတွက် မွေးနေ့အကြိုအနေနဲ့ ရန်ကုန်မြို့တွင်းက ရန်ကုန်ကင်ဆာဌာန ၊ မကြာခဏဆိုသလိုလှူဖြစ်နေတဲ့ မရမ်းကုန်းမြို့နယ်က မြန်မာနိုင်ငံ ခရစ်ယာန် မိတ်သဟာရ မျက်မမြင်ကျောင်းတို့မှာ လှူဒါန်းမှုအပြင် ရွှေရောင်နှလုံးသား တိရစ္ဆာန်ကယ်ဆယ်ရေး Golden Heart Animals Rescue Yangon ဂေဟာက ခွေးအကောင် ၈၀၀ အတွက်အစားအစာတွေ အလှူလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *