၂၈. ၈. ၂၀၂၃
Written by Hey Mar

မကွေး-ကန်ပြား-နေပြည်တော်ကားလမ်း မကွေးမြို့နယ် ဖိုကြီးကျေးရွာအနီးမှာ အမျိုးသမီးတစ်ဦး ကားတိုက်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ သြဂုတ် ၂၈ ရက် မနက် ၉ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ကားလမ်းတစ်ဘက်ခြမ်းကို ဖြတ်ကူးချိန် ကွေ့ကြောကနေ ထွက်လာတဲ့ ခရီးသည်တင် Express အမြန်ယာဥ်နဲ့ တိုက်မိခဲ့တာကြောင့် နေရာတင်သေဆုံးခဲ့တာပါ။ ဖြစ်စဥ်မှာ ယာဥ်မောင်းဟာ ပြဿနာကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်း ဖြေရှင်းတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို သဗ္ဗသုခလူမှုကူညီရေးအသင်းကားနဲ့ သယ်ဆောင်ပီး မကွေးတိုင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *