၁၉. ၈. ၂၀၂၃
Written by Naing Thuta
ဆောက်လုပ်ဆဲအဆောက်အဦ၏ မြေအောက်ရေကန်ထဲဆင်းပြီး သစ်သားဆယ်ယူသည့် အမျိုးသား နှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားသောဖြစ်စဉ်တစ်ခု မန္တလေးတွင် ဩဂုတ်လ ၁၈ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးအခြေစိုက် ပရဟိတအဖွဲ့တစ်ခုမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်၊နံနက် ၉ နာရီကျော်လောက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ (ဆ)ရပ်ကွက်တွင် ဆောက်လုပ်ဆဲအဆောက်အဦတစ်ခု၏ မြေအောက်ရေကန်ထဲဆင်းပြီး သစ်သားများဆင်းဆယ်သည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသွားသော ရုပ်အလောင်းများကို မီးသတ်တပ်ဖွဲ့က ပြန်လည်ဆယ်ယူပေးခဲ့ပြီး လောကပါလ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပါဝင်ကူညီပေးခဲ့သော လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

