၁၉. ၈. ၂၀၂၃
Written by Nyein Kyaw

တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဒေသတွင်း ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှု ကျူးလွန်မှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ဩဂုတ်လ ၁၈ ရက်တွင် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံဘက်အသီးသီးက ရပ်တန်းကမရပ်သေးသည့် ပြစ်မှုကျူးလွန်သူ အုပ်စုများကို လက်တွေ့လှုပ်ရှားမှုဖြင့် ပြင်းပြင်းထန်ထန်သတိပေးသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပအား တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံရဲတပ်ဖွဲ့၏ စည်းလုံးညီညွတ်စွာပူးပေါင်း၍ လောင်းကစားနှင့် လိမ်လည်မှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်လိုသည့် ပြတ်သားသောဆုံးဖြတ်ချက်ကို ပြသသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့သည် ဒေသတွင်းလောင်းကစားနှင့် လိမ်လည်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ထိန်းချုပ်မှု စသည့် ပြစ်မှုကျူးလွန်မှုများအတွက် အထူးပူးပေါင်းတိုက်ဖျက်ရေး လှုပ်ရှားမှုစတင်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည်။

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံဘက်အသီးသီးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အထူးလှုပ်ရှားမှု အထွေထွေညှိနှိုင်းရေးစင်တာ အတူတကွတည်ဆောက်ထားရှိပြီး လောင်းကစားနှင့် လိမ်လည်မှုများ သောင်းကျန်းသည့်ဒေသအတွက် ပူးတွဲလှုပ်ရှားရာနေရာများ ထားရှိထားကြောင်း သိရသည်။

တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံတို့က ယခင်ထက် ပို၍ ရင်းနှီးစွာပူးပေါင်းမှု၊ တက်ကြွစွာ တိုက်ဖျက်မှု၊ ကျွမ်းကျင်စွာလှုပ်ရှားမှုတိုဖြင့် ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *