၃၀.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်တပ်ဖွဲ့များက အီရတ်နိုင်ငံ၌ ကျန်ရှိနေသေးသော ၎င်းတို့၏ စစ်အခြေစိုက်စခန်းများမှ စက်တင်ဘာလ ၃၀ ရက်တွင် ရုပ်သိမ်းထွက်ခွာလျက်ရှိရာ ယင်းလုပ်ဆောင်ချက်က သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက် သဘောတူညီခဲ့သည့် ရုပ်သိမ်းရေးအစီအစဉ်ကို ပြီးမြောက်စေခြင်းလည်း ဖြစ်ကြောင်းသိရသည်။
သို့သော် ဤသို့ အီရတ်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုက အီရန်ကျောထောက် နောက်ခံပြုလက်နက်ကိုင်အဖွဲ့များကို ပိုမိုအားကောင်းလာစေနိုင်သလို၊ အိုင်အက်စ် Islamic State (IS) အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ စွမ်းရည်များကို ပြန်လည်တည်ဆောက်ရန် အခွင့်အလမ်းရရှိ သွားစေနိုင်ကြောင်း အီရတ်အရာရှိများနှင့် လေ့လာသုံးသပ်သူများက သတိပေးပြောကြားထားကာ ဖြစ်ပေါ် လာနိုင်သည့် လုံခြုံရေးဆိုင်ရာ လစ်လပ်မှုအပေါ် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက်ရှိသည်။
အီရန်အစိုးရနှင့် ၎င်း၏မဟာမိတ်များက အောင်ပွဲတစ်ခုအဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် ဤထွက်ခွာရေး အစီအစဉ်ကို ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်၌ သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အီရတ်နိုင်ငံ၌ ကြားခံတပ်ဖွဲ့များ မှတစ်ဆင့် လွှမ်းမိုးမှုရှိနေသည့် အီရန်နိုင်ငံနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်နေရသည့်ကြားမှပင် ဤလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များက အီရတ်နိုင်ငံတွင် အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့ပြီးနောက် မငြိမ်မသက်မှုများနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ကာ နောက်ဆုံးတွင် အိုင်အက်စ် အဖွဲ့ ပေါ်ပေါက်လာခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် ၂၃ နှစ်အကြာတွင် ယခုကဲ့သို့ အမေရိကန် တပ်ဖွဲ့များထွက်ခွာမှု ဆက်လက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များ ထွက်ခွာသွားခြင်းကို အီရတ်ပြည်သူအများစုက ကြိုဆိုထောက်ခံကြသော်လည်း၊ နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် အမေရိကန်တပ်ဖွဲ့များသည် ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ရှီးယားဂိုဏ်းဝင်များ ဦးဆောင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ဆက်ဒမ်ဟူစိန်ကို သစ္စာခံသူများနှင့် အယ်လ်ကိုင်းဒါး အဖွဲ့တို့၏ ပုန်ကန်တိုက်ခိုက်မှုများကို နှစ်ပေါင်းများစွာ တန်ပြန်တိုက်ခိုက်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကုန်တွင် တပ်များ ပြန်လည်ရုပ်သိမ်းခဲ့သည်။ သို့သော် သုံးနှစ်မပြည့်မီအချိန်တွင်ပင် ၎င်းတို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဖြစ်ပွားခဲ့သော စစ်ပွဲကြီးတစ်ခုတွင် ဆွန်နီဂိုဏ်းဝင် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် “အစ္စလာမ္မစ်နိုင်ငံတော်” (Islamic State – IS) အဖွဲ့ကို အီရတ်တပ်ဖွဲ့များက အနိုင်ယူနိုင်ရေး ကူညီပေးခဲ့သည်။
အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားခြင်းကို အီရတ်ပြည်သူအများစုက ထောက်ခံကြသော်လည်း၊ နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်ပွဲအတွင်း အမေရိကန်စစ်သား ၄,၅၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည့်နိုင်ငံကို အမေရိကန်တို့က လေ့ကျင့်သင်ကြားပေးပြီး ငွေကြေးထောက်ပံ့ထားသည့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ကာကွယ်ပေးနိုင်စွမ်း ရှိနိုင်ပါမည်လားဆိုသည်ကို အချို့က စိုးရိမ်ပူပန်နေကြသည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာကတော့ လုံခြုံရေးဆိုင်ရာ ဟာကွက်တွေဖြစ်ပေါ်လာခြင်းဟာ အလွန်အန္တရာယ်များနိုင်တယ်ဆိုတဲ့အချက်ပါပဲ” ဟု လုံခြုံရေးတပ်ဖွဲ့ များကို အကြံပေးနေသည့် အီရတ်နိုင်ငံသား လေ့လာသုံးသပ်သူ ဂျတ်ဆင် အယ်လ် ဘာဟတ်လီက ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များက ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို ဝင်ရောက်ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ရှီးယားဂိုဏ်းဝင်များ ဦးဆောင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သလို၊ နှစ်ပေါင်းများစွာကြာမြင့်သည့် သူပုန်နှိမ်နင်းရေးစစ်ဆင်ရေးများကိုလည်း ဆင်နွှဲခဲ့ရသည်။ ထိုစစ်ဆင်ရေးများတွင် အစပိုင်းက ဆက်ဒမ်ဟူစိန်ကို သစ္စာခံသူများနှင့်လည်းကောင်း၊ နောက်ပိုင်းတွင် အယ်လ်ကိုင်းဒါး အဖွဲ့တို့နှင့်လည်းကောင်း တိုက်ခိုက်ခဲ့ရပြီး ၂၀၁၁ ခုနှစ်ကုန်တွင် တပ်များ ပြန်လည်ရုပ်သိမ်းခဲ့သည်။ သို့သော် သုံးနှစ်မပြည့်ခင်မှာပင် ၎င်းတို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးတစ်ခုအတွင်း ဆွန်နီဂိုဏ်းဝင် စစ်သွေးကြွအဖွဲ့ဖြစ်သည့် အိုင်အက်စ်အဖွဲ့ ကို အနိုင်ယူရန် အီရတ်တပ်ဖွဲ့များကို ကူညီပေးခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အမေရိကန်တပ်များ ရုတ်တရက် ပြန်လည်ရုပ်သိမ်းမှုဖြင့် အဆုံးသတ်ခဲ့သော အာဖဂန်နစ္စတန်စစ်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့သည့် စစ်ပွဲထက် အီရတ်လွတ်မြောက်ရေး စစ်ဆင်ရေးတွင် အမေရိကန်စစ်သား သေဆုံးမှုနှုန်းမှာ နှစ်ဆခန့် ပိုမိုများပြားခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်တပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှ ထွက်ခွာသွားရန် တွန်းအားပေးခြင်းက ၎င်းတို့၏အဓိကရည်မှန်းချက်ဟုပြောကြားခဲ့သည့် အီရန်နိုင်ငံက အမေရိကန်တပ်များ အီရတ်မှ ပြန်လည် ရုပ်သိမ်းသွားခြင်းကို ဒေသတွင်းရှိ ၎င်း၏ မဟာမိတ်လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသော ခုခံတော်လှန်ရေး ဝင်ရိုးတန်း (axis of resistance) အတွက် အောင်ပွဲတစ်ခုအဖြစ် သတ်မှတ် ဖော်ပြလျက်ရှိသည်။
Ref-Reuters
