



၃၀.၉.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှုအခိုင်အမာရရှိထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ထားဝယ်ခရိုင် ရေဘေး ကြုံတွေ့နေရတဲ့အတွက်ကြောင့် ဘန်ကောက်ဖျော်ဖြေပွဲကရရှိလာတဲ့ အနုပညာကြေး ကျပ်သိန်း ၁၃၀ ကို သရုပ်ဆောင် ဝင့်ယမုံနိုင်နဲ့အဖွဲ့ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။
“သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့်အဖွဲက ထားဝယ်ခရိုင်ရေဘေးသို ကိုယ်တိုင်သွားရောက် လှူဒါန်းမည် ဖြစ်ပါသောကြောင့် ဘန်ကောက်ပွဲမှ ကျနော်ရရှိသော အနုပညာကြေးမှ ကျပ် သိန်း ၁၃၀ တိတိ ထည့်ဝင်လှူဒါန်း ပါသည် (သတ်ပုံမူရင်း)”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
သူဟာ စက်တင်ဘာ ၂၆ ရက်နေ့က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ စိုင်းစိုင်းရဲ့A Night in Bangkok ဖျော်ဖြေပွဲမှ ရရှိလာတဲ့ အနုပညာကြေးကို အခုလို မြန်မာနိုင်ငံ ထားဝယ်ခရိုင် ရေဘေးနဲ့ မြေပြိုမှုတွေကို ပါဝင်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
A Night in Bangkok ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၆ ရက်က ဘန်ကောက်မြို့က Phenix Mall မှာ အဆိုတော်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဘန်နီဖြိုးနဲ့ Bobby Soxer တို့အတူ ဖျော်ဖြေတင်ဆက်ခဲ့တာလည်းဖြစ်ပြီး ဖျော်ဖြေရက်မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း စံချိန်တင် မိုးကြီးပြီး ရေကြီးရေလျှံတွေဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
