MT News

Written By Thandar

Myanmar Idol Season ကတစ်ဆင့် ဂီတပိုင်းမှာ ပရိသတ်အားပေးမှုရရှိလာတဲ့ အဆိုတော် ပိုးမီက ဦးငြိမ်းချမ်း၊ မသမီးဆိုးနဲ့ ပိုးမီတို့ ရုပ်ချင်းဆင်လို့ သားအဖသုံးယောက်ဆိုပြီး သုံးယောက်တွဲ Troll ပုံတွေ သေချာရှာပြီးတင်ပေးတော့ အရမ်းလည်း ရယ်ရသလို ချီးလည်း ကျူးမိပြီး အရင်ဘဝက ကွဲကွာသွားတဲ့ မိသားစု ဆွေမျိုးတွေ ပြန်တွေ့ကြသလိုပဲမို့ သဘောကျပြီး ပြန်ရှဲထားခဲ့မိတယ်လို့ ရင်ဖွင့်လာပါတယ်။

“ဦးငြိမ်းချမ်း ၊ မသမီးဆိုးရောနဲ့ ကျွန်မတို့ တူတယ်ဆို Troll တဲ့အပေါ် ရီရပါတယ်။ ပိုးမီ ခေါင်းတုံးကနေ ဆံပင် စထွက်ခါစ ဆိုတော့ တစ်ပုံစံတည်းတူတာ။ ဦးငြိမ်းချမ်းရော မသမီးဆိုးရော သုံးယောက်လုံးက တူနေတယ်ဆိုပြီး။ ပိုးမီတို့ သုံးယောက်တွဲ ပုံတွေသေချာရှာပြီး တင်ပေးတော့ အရမ်းလည်း ရယ်ရသလို ချီးလည်းကျူးမိပါတယ်။ အရင်ဘဝက ကွဲကွာသွားတဲ့ မိသားစု ဆွေမျိုးတွေ ပြန်တွေ့ကြသလိုပဲမို့ သဘောကျပြီး ကိုယ်တောင် ပြန်ရှဲထားခဲ့မိတဲ့အထဲပါတယ်။ကိုယ်တိုင်လည်း ရီရပါတယ်။ တကယ့်ကို ပုံတွေအများကြီး ရှိကြတဲ့ အထဲကမှ ရှာကြံပြီးတော့ တူတဲ့ပုံတွေကို ရွေးပြီးသေချာလုပ်ထားတယ် ဝမ်းသာရပါတယ်”လို့ အဆိုတော် ပိုးမီက ပြောပါတယ်။

အိပ်မက်ထဲက အိပ်မက် ဇာတ်လမ်းတွဲမှာ ပထမဦးဆုံး ပိုးမီ ပါဝင်သီဆိုဖြစ်တဲ့ ဇာတ်ဝင်တေးသီချင်းလေးပါဝင်ပြီး ဒီဇာတ်လမ်းတွဲကို ရိုက်တဲ့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်က အရင်ကတည်းက ရင်းနှီးတဲ့သူဆိုတော့ သူ့ ကမ်းလှမ်းမှုကြောင့် ပါဝင်သီဆိုဖြစ်တာလို့လည်း ဆိုပါတယ်။ ဇူလိုင် ၃၀ ရက် စတင်ပြမယ့် “အိပ်မက်ထဲကအိပ်မက်” Season 2 ဇာတ်လမ်းတွဲကို Channel K ရုပ်သံလိုင်းက ပြသသွားမှာဖြစ်ပါတယ်။

“အဓိက ချစ်လိုပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ်ပေါ့။ မုန်းလို့ Troll တာ မဟုတ်တာသေချာပါတယ်။ ချစ်လို့ပဲ လုပ်တာပဲနေမှာပါ။ ချစ်စရာကောင်းအောင်ရေးထားတာလေ။ စချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်။ သတိရနေသေးတယ်ဆိုရင် ကိုယ့်နာမည်အမှတ်ရနေလို့ ဝမ်းသာပါတယ်။ မျက်နှာကျတွေ တူတယ်လေ။ တူတယ်ဆိုတော့ ဦးငြိမ်းချမ်းလို့ ဟာသဉာဏ်ရွှင်တယ်၊ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးသူနဲ့ ဝါရင့်အနုပညာရှင်နဲ့ တူတယ်ဆိုတော့ ဝမ်းသာဂုဏ်ယူရပါတယ်။ သာမာန်လူနဲ့ တူတာမှ မဟုတ်တာလေ ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *