၂၉. ၇. ၂၀၂၃
Written by Pan Ei

ကမ္ဘာတဝှမ်းမှာ လူကြိုက်အများဆုံး ဇာတ်ကောင်နှစ်ခုလို့ ပြောလို့ရမယ့် ကြောင်နဲ့ကြွက် (Tom and Jerry) ရဲ့ ပထမဆုံး အာရှဗားရှင်း စီးရီးဟာ လာမယ့်လမှာ ထွက်ရှိတော့မှာပါ။

Warner Bros ကနေ ထုတ်လုပ်မယ့် ဒီစီးရီးမှာ ၃ မိနစ်စာ အပိုင်း ၇ ပိုင်း ပါဝင်သွားမှာဖြစ်ပြီး စင်ကာပူက နာမည်ကြီးနေရာတွေဖြစ်တဲ့ Merlion နဲ့ Marina Bay Sands နေရာတွေကိုလည်း စီးရီးထဲမှာ မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

ကြောင်နဲ့ ကြွက်စီးရီးက ၁၉၅၀ ပြည့်နှစ်ခေတ်က အထင်ကရ ဂီတနဲ့ ဂန္ထဝင် ကာတွန်းပုံစံကို ပြန်ယူလာပေမဲ့ ခေတ်မီတဲ့ စင်ကာပူပုံစံနဲ့ ဟာသနှောကာ ပေါင်းစည်းဖန်တီးထားတယ်လို့လည်း Warner Bros က ဖော်ပြခဲ့ပါတယ်။

ကြောင်နဲ့ ကြွက် အာရှဗားရှင်းစီးရီးကိုတော့ နိုင်ငံတကာမှာ မပြသရသေးခင် အာရှပစိဖိတ်ဒေသက Cartoon Network နဲ့ အရှေ့တောင်အာရှ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်က HBO Go မှာ လာမယ့် ဩဂုတ်လမှာ အရင်ပြသသွားမှာဖြစ်တယ်လို့ သိရပြီး အသေးစိတ်အချက်အလက်ကိုတော့ ထပ်မံထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News