၂၈. ၇. ၂၀၂၃
Written by Peya

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်မင်္ဂလာအခမ်းအနားသို့ လာအိုနိုင်ငံမှ သက်တော် ၁၀၀ ကျော်နှင့် သက်တော် ၉၄ နှစ်အရွယ် သံဃရာဇာ ဆရာတော်နှစ်ပါးလည်း ကြွရောက်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်တွင် သတင်းရရှိသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနှင့်အတူ ကျောက်စာရံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းနှင့် ရေစက်ချအောင်ပွဲတော် ကုသိုလ်မင်္ဂလာကို ဒုတိယဝါဆိုလပြည့်နေ့ (ဩဂုတ် ၁ ရက်) တွင် ပြည်တွင်းပြည်ပမှ ထေရ်ကြီး ဝါကြီး သံဃာတော်အပါး ၉၀၀ ကျော် ပင့်ဖိတ်၍ နိုင်ငံတော်အဆင့်ခမ်းနားစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-28_14-31-59-1024x570.jpg

လာအိုနိုင်ငံမှ ကြွရောက်တော်မူလာသော သက်တော်ရှည်(၁၀၃)နှစ်ဆရာတော်ကြီးနှင့် သက်တော်ရှည်(၉၄)သံဃရာဇာဆရာတော်ကြီး(၂)ပါးကို အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးမှ ဇူလိုင်လ ၂၇ ရက်တွင် နွေးထွေးစွာကြိုဆိုခဲ့ကြောင်း သီတဂူဆရာတော်ဘုရားကြီး ၏ တပည့်များ ထံက သိရသည်။

ထို့အပြင် သီရီလင်္ကာနိုင်ငံမှ ကြွရောက်တော်မူလာသော ဆရာတော်ကြီးများကိုလည်း သီတဂူ ဆရာတော်ဘုရားကြီးက ဇူလိုင်လ ၂၈ ရက်တွင် ကြိုဆိုခဲ့ကြောင်းလည်း သတင်းရရှိကာ ပြည်ပမှ သံဃာတော်များလည်း မြန်မာနိုင်ငံသို့ ကြွရောက်လာနေကြပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *