ဖျက်သိမ်းလိုက်သော Sky Hero LPDF အဖွဲ့၏ မြင်ကွင်း

၂၈. ၇. ၂၀၂၃
Written by Nay Moe

တော်လှန်ရေးအရှိန် မြင့်တက်လာချိန်ဖြစ်ပေမဲ့ လက်နက်၊ ရိက္ခာမလုံလောက်မှုပြဿနာတွေကြောင့် မတ္တရာမြို့နယ်အခြေစိုက် Sky Hero LPDF အဖွဲ့အစည်းကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာထားပါတယ်။

ဒီ LPDF အဖွဲ့ဟာ တော်လှန်ရေးကာလအတွင်း Drone Mission တွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ စတဲ့ Mission တွေကို ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

Sky Hero အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်က မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာမှာ သတ်ဖြတ်ခံထားရတဲ့ ပြည်သူနှစ်ယောက်ကို နာရေးပြုလုပ်နေချိန် မနက် ၉ နာရီခွဲလောက်မှာ သုဿာန်မှာ အမိန့်ပြန်နေတုန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်သလို မတ်လ ၂၅ ရက်တုန်းကလည်း မတ္တရာမြိုနယ် သုံးဆယ်ပေးရွာနဲ့ ကုန်းတန်းလေးရွာကြားမှာ လခရစစ်ကြောင်းကားကို မိုင်းနှစ်လုံးနဲ့ အနီးကပ်မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အဖွဲ့ပါ။

This image has an empty alt attribute; its file name is photo_2023-07-28_14-20-17-1024x575.jpg

ဒါ့အပြင်လည်း ဒီနှစ်ထဲမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြိုနယ်၊ နွယ်ရုံရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဖေဖော်ဝါရီ ၂၃ ရက်မှာ ပျူရွာလို့ PDF တွေ သတ်မှတ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ပုဏ္ဏားကြီးရွာကို Drone နဲ့ ဗုံးသီး (၈)လုံး ကြဲချတိုက်ခိုက်တာ၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြိုနယ်၊ ချောင်းကြီးရဲစခန်းကို Drone (၃)စီးနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာ၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ မတ္တရာမြိုနယ်၊ သဖန်းဒေါင့်ကျေးရွာ၊ ရွှေဖောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ လခရအင်အား (၁၀၀) ကျော်ပါ စစ်ကြောင်းကို Drone နဲ့ ၃ ကြိမ် ဗုံးသီးချတိုက်ခိုက်တာ မတ်လ ၁ ရက်မှာ သဖန်းဒေါင့်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းအတွင်း တပ်စွဲအထိုင်ချနေတဲ့ လခရတွေကို Drone နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အပြင် နှစ်ရက်ဆက်တိုက် ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-28_14-20-18-2-1024x703.jpg

မတ္တရာမြို့နယ်အခြေစိုက် Sky Hero LPDF အဖွဲ့အစည်းဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး တစ်နှစ်နီးပါးကာလမှာ Mission ၃၀ လောက် လုပ်ဆောင်ခဲ့တယ်လို့ သိရသလို လက်ရှိမှာ လက်နက်တွေဆုံးရှုံး၊ Drone တွေ ပျက်စီးကုန်တာကြောင့် အဖွဲ့အစည်းဖျက်သိမ်းလိုက်ပေမဲ့ လိုက်လံဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

ပုံစာ။ ဖျက်သိမ်းလိုက်သော Sky Hero LPDF အဖွဲ့၏ မြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *