ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် Mahi Arya နဲ့ Teep Kandpal တို့ကို တွေ့ရစဉ်

၂၈. ၇. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံမြောက်ပိုင်းက အမျိုးသမီးတစ်ယောက်ဟာ လက်ရှိမှာရည်းစားရှိနေပေမဲ့ အချစ်အသစ်ကို ထပ်မံရှာတွေ့တဲ့အခါ အချစ်သစ်နဲ့ ဘဝသစ်စချင်တာကြောင့် လက်ရှိချစ်သူကို အသက်သေဆုံးအောင် လုပ်ကြံခဲ့ရာမှာတော့ မကြာသေးမီက ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

Mahi Arya လို့ အမည်ရတဲ့ အိန္ဒိယအမျိုးသမီးဟာ သူ့လက်ရှိချစ်သူ Ankit Chauhan ကို လုပ်ကြံဖို့ မှုခင်းစီးရီး Crime Patrol ကနေ စိတ်ကူးစိတ်သန်းရရှိကာ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ လက်ရှိချစ်သူ Ankit Chauhan ကို မြွေကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ကြံရွယ်ဖို့အတွက် အဆိပ်ပြင်းမြွေဟောက်တစ်ကောင်ကို အိန္ဒိယရူပီး ၁၀,၀၀၀ ( မြန်မာငွေ ၄ သိန်း နီးပါး) နဲ့ ငှားရမ်းခဲ့ကာ Ankit Chauhan ကို အိမ်လည်လာဖို့ ဖိတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အဆိပ်ခတ်ထားတဲ့ ဘီယာကို Chauhan ကို တိုက်ပြီး သူ လဲသွားချိန်မှာတော့ အဆိပ်ပြင်းမြွေဟောက်ကိုပါ သူ့ရဲ့ ခြေဖဝါးတွေကို ပေါက်သ-တ်စေခဲ့တာပါ။ Chauhan သေဆုံးသွားချိန်မှာတော့ သူမဟာ ကားနောက်ဖုံးထဲ ထည့်သယ်သွားကာ စွန့်ပစ်ခဲ့ပါတယ်။

ရဲတွေက Chauhan ရဲ့ အလောင်းကို ရှာတွေ့ခဲ့ချိန်မှာတော့ အစက အောက်ဆီဂျင်ချို့တဲ့မှုကြောင့် သေဆုံးရတယ်လို့ ယူဆခဲ့ကြပေမဲ့ ခွဲစိတ်စစ်ဆေးရာ မြွေဆိပ်ကြောင့်သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီး နောက်ကြောင်းလိုက်ရှာဖွေရာမှာတော့ Mahi Arya ကိုသာမက သူမရဲ့အသက် ၃၂ နှစ်အရွယ် နောက်ချစ်သူ Teep Kandpal ကလည်း ရက်စက်ကြမ်းကြုတ်လှတဲ့ လုပ်ကြံသ-တ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပြီး သူတို့နှစ်ဦးကို ရှာဖွေဖို့ အချိန်နှစ်ပတ်ကျော်ကြာပြီးတဲ့နောက် ဥတာပရာဒက်ရှ် ပြည်နယ်မှ အာဏာပိုင်တွေက ရုဒရာပူရမြို့မှာ သူတို့နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အိန္ဒိယရဲတွေဟာ အခုအချိန်မှာ လူသတ်မှု စွဲချက်နဲ့ ဖမ်းဆီးနိုင်ခဲ့တဲ့ Arya နဲ့ Kandpal တို့ရဲ့အမှုကို အပြင်းအထန်စုံစမ်းစစ်ဆေးနေပြီး လူများစွာကို အံ့အားသင့်စေခဲ့တဲ့ အဆိပ်ပြင်းတဲ့ လူသ-တ်မှုနဲ့ ပတ်သက်ပြီး နော​က်ဆက်တွဲသတင်းတွေကိုလည်း ဒေသခံတွေက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြပါတယ်။

Ref; Thaiger

Leave a Reply

Your email address will not be published. Required fields are marked *