ဓာတ်ပုံ- အရှင်တေဇာနန္ဒ

၂၈. ၁၀. ၂၀၂၂

Written by Nay Moe

မြဝတီမင်းကြီးဆရာတော်ဦးအရိယာဘိဝံသ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နှလုံးရောဂါဖြင့် အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီခန့်က ရုတ်တရက်ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

“မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယာဘိဝံသ (နိုင်ငံရေးအကျဥ်းသားဟောင်း) ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံ၌ နှလုံးရောဂါဖြင့် ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားပြီဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ မိသားစုဝင်များ၊ ဒါယကာ၊ ဒါယိကာမများ၊ မိတ်ဆွေသင်္ဂဟများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်ရဲဘက်များအားလုံးကို အသိပေးအကြောင်းကြားအပ်ပါတယ်” ဟု နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က မှတ်ချက်ပြုထားသည်။

မြဝတီမင်းကြီးဆရာတော် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်မှုအပေါ် တန့်ဆည်ဆရာတော် အရှင်တေဇာနန္ဒက ” တော်လှန်ရေးအတွက်အကြီးမားဆုံးဆုံးရှုံးမှုကြီးပါ။ သေမင်းကအကောင်းကြိုက်လွန်းတယ်” ဟု မှတ်ချက်ပြုထားပြီး တပည့်ဖြစ်သူ ရွှေအုန်းပင်ဦးကောဝိဒကလည်း ” ဒီညတော့ ငိုခွင့်ပြုဗျာ။ စ နောက်ရင် အမြဲပြုံးနေတဲ့ မြဝတီမင်းကြီး ဆရာတော် ပျံလွန်တော်မူသွားရှာပြီ” ဟု ဝမ်းနည်းစကားဆိုထားသည်။

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယာဘိဝံသသည် ၂၀၂၁ ဖေဖော်ဝါရီတွင် အဖမ်းခံခဲ့ရကာ ဩဂုတ်တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် သီတင်းသုံးနေရာမှ ယနေ့ညတွင် ရုတ်တရက်ပျံလွန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော် ပျံလွန်တော်မူချိန်၌ သက်တော် ၇၁ နှစ် ဝါတော် ၅၁ နှစ်ရှိခဲ့ပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *