MT News

Written by Tha Doe

နေပြည်တော် ပျဥ်းမနား အာဟာရသုခစျေးလမ်းမှာရှိတဲ့ သီတာအောင်သစ်ခွခြံမှာ လူနှစ်ဦးက ဒီနေ့နေ့လယ် ၃ နာရီ ၅ မိနစ်ခန့်မှာ နေ့ခင်း​ကြောင်တောင် ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

CCTV မှတ်တမ်းအရ ဝယ်သူဟန်ဆောင်ထားတဲ့ ဆိုင်ကယ်စီးလာသူနှစ်ဦးဟာ ဆိုင်အတွင်းက စျေးရောင်းသူအမျိုးသမီးကို ဓားနဲ့ထောက်ပြီး ဆံပင်တွေဆွဲ ဓားထောက်ကာ ဆွဲကြိုးဆွဲဖြုတ်တဲ့အပြင် ဖုန်းနှစ်လုံးကိုလည်း လုယက်သွားတာ တွေ့ရပါတယ်။

“ဆိုင်မှာလာပြီး ပစ္စည်းလုသွားတာပါ။ ဓားနဲ့ထောက်ပြီး ဖုန်း ၂ လုံးနဲ့ ဆွဲကြိုးလုသွားပါတယ်။ နေပြည်တော်ပျဥ်းမနားမှာပါ။ ငွေလွှဲမည့်သူများ ဆိုင်းငံ့ထားပေးပါ” လို့လည်း သီတာအောင်သစ်ခွခြံက ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *