MT News

Written by Nay Moe

ကော့ကရိတ်မြို့အား PDF များက မြို့သိမ်းတိုက်ပွဲဆင်နွှဲအပြီး SAC က ပြန်လည်ထိန်းသိမ်း၍ လုံခြံရေးတိုးမြှင့်ဆောင်ရွက်စဥ် KNU နှင့် PDF က ယမန်နေ့တွင် လက်နက်ကြီးဖြင့် ထပ်မံ လာရောက်ပစ်ခတ်သဖြင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း SAC က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF များအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားအပြီးတွင် မြို့ အတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားစဥ် ယမန်နေ့နေ့လယ်ပိုင်းတွင်လည်း KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများKKO (ခွဲထွက်) အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF များအနေဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမှတ်(၇) ရပ်ကွက်အတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံး၊ ဘာသာရေးအဆောက်အဦ တစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ကာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဗုံးသီးများ ကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှု မရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်း ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *