မန္တလေးကျုံးပတ်လည်အား တွေ့မြင်ရစဥ်

MT News

Written by Naing Thuta

မန္တလေးကျုံးရှေ့ လမ်းလယ်ကျွန်းရှိ အလှပန်းဘောင်အတွင်း၌ မကွဲသေးသည့် Nokia Keypad ဖုန်းအား ဝါယာကြိုးတပ်ဆင်ထားသည့် လက်လုပ် Remote မိုင်း ၁ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းသိမ်းဆည်းသွားကြောင်း သိရသည်။

” မနက်က ကျုံးရှေ့ ၆၆ လမ်းပေါ်က လမ်းလယ်ကျွန်းမှာရှိတဲ့ ပန်းဘောင်ထဲက မကွဲသေးတဲ့ Nokia Keypad ဖုန်းကို ဝါယာကြိုးတပ်ဆင်ထားတဲ့ လက်လုပ် Remote မိုင်း ၁ လုံးကို ရေလောင်းနေတဲ့စည်ပင်ဝန်ထမ်းတစ်ဦးက စတွေ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားလို့ တပ်က လာရှင်းသွားတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါလက်လုပ်မိုင်းကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၆ လမ်းနှင့် ၁၉ လမ်းကြား၊ ၆၆ လမ်း၊ ကျုံးရှေ့လမ်းလယ်ကျွန်းပေါ်ရှိ ပန်းဘောင်အတွင်း Nokia Keypad ဖုန်းအား ဝါယာကြိုးတပ်ဆင်ထားသည့်လက်လုပ် Remote မိုင်းအဖြစ် ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်တွင် စည်ပင်ဝန်ထမ်းက တွေ့ရှိရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းသိမ်းဆည်းသွားပြီး မိုင်းထောင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းနှင့် ၎င်းမိုင်းကို မည့်သည့်အဖွဲ့မှထားသွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့) ကလည်း ချမ်းအေးသာစံမြို့နယ်၊ ၂၇လမ်းနှင့် ၂၈ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ လမ်းလယ်ကျွန်းပန်းဘောင်အတွင်း၌ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့သေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *