၂၇. ၆. ၂၀၂၃
Written by Nay Aung

စပိန်ဖက်ရှင်ကုမ္ပဏီဖြစ်သော Inditex သည် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေမှုများမှ ထွက်ခွာတော့မည့် အစီအစဉ်များကို စတင်လုပ်ကိုင်နေကြောင်း သိရသည်။

Zara အမှတ်တံဆိပ် အဝတ်အထည်များကို ထုတ်လုပ်နေသော Inditexသည် မြန်မာနိုင်ငံတွင် အဝတ်ထည်ထုတ်လုပ်မှုများကို လျှော့ချရန် စီစဉ်လုပ်ကိုင်နေကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နိုင်ငံတကာအလုပ်သမားရေးရာ အဖွဲ့စည်းတစ်ခုဖြစ်သော IndustriALL ၏ တောင်းဆိုချက်များအတိုင်း Inditex သည် မြန်မာနိုင်ငံမှထွက်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း Inditex ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ကိုးကားပြီး Sourcing Journal က ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများသည် အလုပ်သမားအခွင့်ရေး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်လာခဲ့ရကြောင်း၊ အလုပ်သမားသမဂ္ဂများက ဝေဖန်ပြောဆိုခဲ့သည်။

Business & Human Rights Resource Centre အဖွဲ့က မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမား ၆၀၈၀၀ ကျော်သည် အလုပ်သမား အခွင့်အရေးနှင့် လူအခွင့်အရေးချိုးဖောက်ခံရမှုများရှိခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်က သတင်းထုတ်ပြန်ခဲ့သည်။

အထည်ချုပ်အလုပ်သမားများ လူအခွင့်ရေးဆုံးရှုံးမှုနေမှုများနှင့်ပတ်သက်ပြီး အထည်ချုပ်နှင့် ဖက်ရှင်ကုမ္ပဏီများကို မြန်မာနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်နေမှုများမှ ရပ်တန့်ပြီး နိုင်ငံအတွင်းမှပြန်ထွက်ခွာရန် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့စည်းများက တောင်းဆိုတိုက်တွန်းခဲ့ကြောင်းသိရသည်။

နစက တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများသည် နိုင်ငံများ ရင်းနှီးမြှုပ်နှံ့မှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ကာ လုပ်ငန်းများ ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စပိန်အခြေစိုက် Inditex သည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်မှုမှ ပြန်ထွက်ခွာမည့် လုပ်ငန်းစဉ်များ အဆုံးသတ်ချိန်တွင် Primark ဖက်ရှင်ကုမ္ပဏီကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ Primark ကုမ္ပဏီသည် ပြီးခဲ့သောမတ်လတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း၌ ပါဝင်လုပ်ကိုင်နေခြင်းများကို အဆုံးသတ်ကာ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Ref.fashionunited

Leave a Reply

Your email address will not be published. Required fields are marked *

Related News