April 26, 2024

၉. ၆. ၂၀၂၃
Written by Peya

MFF RHINO Futsal League 2022 ပြိုင်ပွဲတွင် VUC FC ဗိုလ်စွဲကာ ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သတင်းရရှိသည်။

MFF RHINO Futsal League 2022 ပြိုင်ပွဲ၏ Grand Final ပွဲစဉ်အဖြစ် VUC FC နှင့် MIU FC တို့ ယနေ့ ဇွန် ၉ ရက်တွင် MFF Futsal Stadium ၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ VUC FC က ၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

VUC FC နှင့် MIU FC ၏ လိဂ်ပွဲစဉ်ထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ပွဲစလုံး သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီးနောက် Champion Play-Off Match နောက်ဆုံးအဆင့်ထိပ်တိုက် တွေ့ဆုံမှု ပထမပွဲတွင် MIU FC က အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင် VUC FC ပြန်လည် အနိုင်ရရှိခဲ့သောကြောင့် Champion Play-Off Match နောက်ဆုံးအဆင့်၏ Grand Final ပွဲစဉ်ကို ထပ်မံယှဉ်ပြိုင်ကစားရခြင်း ဖြစ်သည်။

ပြိုင်ပွဲ၏ စည်းကမ်းချက်နှင့် အမှတ်ပေး ရလဒ်အရ သရေကျနေပါက အချိန်ပို ဆက်ကစားရမည် မဟုတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်သော်လည်း ယခုကဲ့သို့ ၁၁ မိနစ်နှင့် ၁၃ မိနစ်တိုတွင် ၂ ဂိုး သွင်းနိုင်ခဲ့ကာ အနိုင်ရသွားခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *