April 27, 2024

Photo- KyawThuLin

MT News

Written By Thandar

အလှမယ် သရုပ်ဆောင် မိုးစက်ဝိုင်ဟာ ဇွန်လ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel မှာ ရွှေလက်တွဲ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ချစ်သူ မောင်ချစ်ဦးလွင်နဲ့အတူ ကျင်းပခဲ့ပါတယ်။

“မင်္ဂလာမောင်နှံ ပျော်ရွှင်ကြည်နူးစွာဖြင့် မင်္ဂလာဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ”လို့ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ကိုကျော်သူလင်းက ရေးသားထားပါတယ်။

အလှမယ်လောကထဲက တစ်ဆင့် သရုပ်ဆောင်ပိုင်းမှာ လုပ်ဆောင်လာခဲ့ပြီး ပရိသတ်ရှေ့မှာ နှစ်တချို့ ပျောက်နေတဲ့ မိုးစက်ဝိုင်ဟာ ချစ်သူနဲ့ အတူ ရွှေလက်မတွဲမီ ချစ်သူများနေ့ဖြစ်တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၁၄ရက် Valentine’s Day မှာ moesetwine_official Instagram ကနေ Happy Valentine’s Day Everyone ! လို့ ချစ်သူဖြစ်သူနဲ့ အနမ်းပန်းတွေခြွေပုံလေးတွေ လျှောက်လည်နေတဲ့ ပုံလေးတွေနဲ့ သူမတို့ချစ်သူနှစ်ဦးရဲ့ ပျော်စရာစုံတွဲပုံလေးကို ပရိသတ်တွေသိရအောင် ဝေမျှထားခဲ့သလို “အလင်းပြခြင်း အနုပညာ၊ မေးမြန်းခြင်းသည်းခံပါ” လို့ ရေးသားခဲ့ပါသေးတယ်။

မိုးစက်ဝိုင်ဟာ Miss Universe Myanmar 2013 အဖြစ် နိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး “ပက်ပက်စက်စက် ညှို့ “ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုး ၊ ရွှေထူးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ သူမဟာ Moezy Cosmetic ကိုယ်ပိုင် Product တွေကို ထုတ်လုပ်ဖြန့်ဖြူးနေသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *