April 16, 2024

MT News

Written by Nay Aung

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲတပ်ဖွဲ့သည် Chedi Luang Worawihan ဘုရားကျောင်းရှိ အလှူခံပုံးကို ခိုးယူခဲ့သူအဖြစ် စွပ်စွဲခံရသော အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် အလှူခံပုံးကို ခိုးယူမှုအပြင် အခြားနေရာများတွင် ဆိုင်ကယ်အပါအဝင် ပစ္စည်းမျိုးစုံကို ခိုးယူခဲ့ကြောင်း ဝန်ခံထားသည်ဟု ချင်းမိုင်မြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သော ရဲမှူးကြီး Phuwanat Duangdi က ပြောသည်။

Chedi Luang Worawihan ဘုရားကျောင်း အလှူခံပုံး ခိုးယူခံရခြင်းကို ပြီးခဲ့သောရက်ပိုင်းတွင် သိရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇွန် ၇ ရက်တွင် အလှူခံပုံး ခိုးယူခဲ့သူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင်မြို့ရဲတပ်ဖွဲ့က ပြောသည်။

ချင်းမိုင်မြို့ရဲတပ်ဖွဲ့သည် Chedi Luang Worawihan ဘုရားကျောင်းတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး သူခိုးကို ဖမ်းဆီးနိုင်ရန် CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ အလှူခံပုံးခိုးယူသူကို သိရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလှူခံပုံးကို ခိုးယူခဲ့သော မြန်မာနိုင်ငံသားသည် အသက် ၂၅ နှစ်နှင့်အသက် ၃၀ အရွယ်ကြားရှိသူဖြစ်ကြောင်း ချင်းမိုင်မြို့ရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသားက ၎င်းသည် မေလ ၃၁ ရက် ည ၉ နာရီထိုးခါနီးတွင် ဘုရားကျောင်း တောင်ဘက်ဝင်ပေါက်မှ ဝင်ရောက်ပြီး အလှူခံပုံးကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ အဆိုပါ မြန်မာနိုင်ငံသားသည် ဘုရားကျောင်း အလှူခံပုံးကို ခိုးယူမှုအပြင် Mae Ping ရဲစခန်းတွင်ဆိုင်ကယ်များကို ခိုးယူမှုများ ကျူးလွန်ခဲ့ဖူးကြောင်းဝန်ခံထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Ref– thaiger

Leave a Reply

Your email address will not be published. Required fields are marked *