April 19, 2024

MT News

Written by Peya

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာနှင့် တရုတ် (တိုင်ပေ) အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်၊ ညပိုင်း ၆ နာရီခွဲအချိန် သုဝဏ္ဏဘောလုံးကွင်းတွင် ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ဇင်မိုးပြည့်က ၂၅ မိနစ်တွင် မြန်မာအသင်းအတွက် ၁ ဂိုးသွင်းပြီးနောက် ၂၈ မိနစ်တွင် He.Jia Shiuan က တရုတ် (တိုင်ပေ) အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဥ်အတွက် မြန်မာကစားသမားများ အားကြိုးမာန်တက် ကစားခဲ့ကြသော်လည်း လိုအပ်ချက်ရှိနေခဲ့ကြောင်း တွေ့ရသည်။ လက်ရှိအနေအထားအရ မြန်မာနှင့် ယှဥ်ပြိုင်ခဲ့ရသည့် တရုတ် (တိုင်ပေ) အသင်းသည် ပထမဆုံးပွဲတွင် တရုတ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ထားကာ လာမည့် ပွဲတွင်ဒေသတွင်းအင်အားကြီးဖြစ်သည့် တရုတ်အသင်းကိုအနည်းဆုံးသရေကစားနိုင်ရန်လိုအပ်ပြီး တရုတ် (တိုင်ပေ) အသင်းကလည်း မြန်မာက ၅ ဂိုးသွင်းထားသည့် နီပေါနှင့်တွေ့စဥ်တွင် ဂိုးအသာ ရရန်လိုအပ်သော်လည်း မြန်မာအသင်း အုပ်စုတက်ရန်အခြေအနေကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *