April 27, 2024

MT News

Written By Thandar

‘ဝဲ’ တေးသီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဂျပန်မှာနေထိုင်ခဲ့တဲ့ အဆိုတော်မလေး Mary က သူမဟာ ရည်းစားထားရင် ချစ်သူရဲ့ဂရုစိုက်မှုကို ၂၄ နာရီလိုချင်တဲ့ ကောင်မလေးထဲမှာ ပါသလို ရစ်လည်း ရစ်တတ်ပါတယ်လို့ဆိုပါတယ်။

၂၀၁၉ ခုနှစ်က “Need” သီချင်း ထုတ်ဖို့ရည်ရွယ်ရေးထားပေမယ့် အစသီချင်းက ချစ်ဖို့ကောင်းပြီး ကိုယ့်နဲ့ မလိုက်ဘူးလို့ စဥ်းစားမိတာနဲ့ ကိုဗစ်တွေဖြစ်တော့ သီချင်းကို မထုတ်ဖြစ်လိုက်ဘူးလို့ဆိုပါတယ်။ မကြာခင်က Need သီချင်းလေးက ထုတ်ဖြစ်ခဲ့ရာကနေ ပရိသတ်အကြိုက်တွေ့ခဲ့ရလို့ ဝမ်းသာကျေနပ်မိတယ်လို့လည်း ဆိုပါတယ်။ ချစ်သူစုံတွဲတွေ အတွက် ‘Need’ သီချင်းကို ရေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“Mary က ရည်းစားထားရင် ချစ်သူရဲ့ ဂရုစိုက်မှုကို (၂၄) နာရီ လိုချင်တဲ့ ကောင်မလေးထဲမှာပါသလို ရစ် လည်း ရစ်တတ်ပါတယ်။ ဒီသီချင်းလေးက ကိုယ်တွေ့လားဆိုတော့ ကိုယ်ဆိုလည်း အဲဒီလိုလုပ်မယ့် မိန်းကလေးထဲမှာ ပါပါတယ်။ Mary သီချင်းလေးကို ပြန်ပြီ Cover ဆိုထားတာတွေ့ရတယ်။ ပရိသတ်သဘောကျလို့ ကျေနပ်မိပါတယ်။ နောက်ပိုင်းလည်း Mary အဆွေးသီချင်းလေးလည်း ထုတ်တာရော အခုလိုပျော်စရာ သီချင်းလေးတွေလည်း ထုတ်ချင်လာမိပါတယ်။ ခု Mary သီချင်းအနှေးတွေ ဆိုတော့ အမြန်ဆိုနိုင်အောင် လျှာကို အရမ်းလိတ်ဆိုအောင် ကြိုးစားနေပါတယ်”လို့ သူမကဆက်ပြောပါတယ်။

သူမဟာ အားတဲ့အချိန်တွေမှာ တေးသီချင်းတွေ ရေးဖြစ်နေပြီးတော့ Hana Japan Direct Product ကိုယ်ပိုင်ဆိုင်လေး ဖွင့်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Mary ဟာ Feel ပြီး အနှေးသီချင်းတွေဆိုဖြစ်နေတဲ့အတွက် မြန်မြန်သီဆိုနိုင်အောင် လေ့ကျင့်နေတယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *