March 28, 2024

၈.၆.၂၀၂၃

Written By Thandar

ပရိသတ်အားပေးမှု အခိုက်အမာရရှိခဲ့တဲ့ အကယ်ဒမီ နန္ဒာလှိုင်က Oxygen ၂၄ နာရီလုံး ရှူနေရတဲ့ရောဂါသည်တွေအတွက် Oxygen Concentrator တွေ လှူချင်ပါတယ်လို့ သိရပါတယ်။

“အခု Oxygen 24 hours ရှူနေရတဲ့ ရောဂါသည်တွေ အတွက် Oxygen Concentrator တွေကို လှူချင်ပါတယ်။ ဆရာဝန်ဆေးလက်မှတ်နဲ့ Acc CB မှာ လာ အလှူခံလို့ရပါတယ်ရှင့်။ ပြန်မရောင်းစားရပါဘူး။ အသုံးမလိုအပ်တော့ရင်ပြန်လှူဒါန်းပေးရပါမယ်”လို့ နန္ဒာလှိုင်က ပရိသတ်တွေ သိအောင် ပြောလာပါတယ်။

သူမရဲ့ Nandar Hlaing Facebook Acc CB ကနေတစ်ဆင့် ကျန်းမာရေးအတွက် အမှန်တကယ် အောက်ဆီဂျင် ရှုဖို့ လိုအပ်နေသူတွေအနေနဲ့ ဆက်သွယ်လာနိုင်တယ်လို့လည်း သိရပါတယ်။ Oxygen Concentrator လိုအပ်သူတွေအနေနဲ့ ဆေးလက်မှတ်၊ ဆေးရုံတက်တုန်းက ပုံတွေကို CB ကတစ်ဆင့် ပို့ဆောင်ရပေးရမှာဖြစ်ပြီး Oxygen Concentrator မလိုအပ်တော့ပါက ပြန်ရောင်းခွင့်မရှိဘဲ ပြန်လည်လှူဒါန်းရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Post အောက်မှာလည်း “ဇီဝိတဒါန သံဃာ့ဆေးရုံမှာ လှူဒန်းပေးစေချင်ပါတယ်ရှင့်။ ကျောက်ကပ် ဆေးနေရတဲ့သံဃာတော်တွေအတွက် ညဖက်ကျ အောက်ဆီဂျင် အခက်အခဲရှိလို့ပါရှင့်” ၊ “အလှူခံချင်ပါတယ် ရှင် …. အိမ်မှာရော ဆေးခန်းသွားရင်လည်း အမြဲအောက်ဆီဂျင် ရှူနေရတဲ့လူနာရှိပါတယ်”လို့ တောင်းဆိုလာကြတာ တွေ့ရပါတယ်။

အကယ်ဒမီ နန္ဒာလှိုင်ဟာ ပရိသတ်ရှေ့မှာ ဆယ်စုနှစ်ကျော် ပျောက်နေခဲ့ပေမယ့် ဒီနှစ်ထဲ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲမှာတော့ ပရိသတ်ရှေ့ကို ပြန်လည်ထွက်ရှိလာတာပဲဖြစ်ပါတယ်။ သူမဟာ ၂၀၂၀ ပြည့်နှစ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရ သာသနာတော်ဆိုင်ရာ ပေးအပ်ထားတဲ့ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ကို လက်ခံရယူထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *