၂၁.၁၁.၂၀၂၆
Written By Thandar
ZLan App, Y Creative နဲ့ Z Entertainment တို့ ပူးပေါင်းရိုက်ကူးမယ့် ချစ်စရာကောင်းတဲ့ ရိုမန့်ဇာတ်လမ်းပုံစံ “Libra Diaries” Mini Series ကန်တော့ပွဲ အခမ်းအနားအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီ Libra Diaries ကကြတော့ ZLann app ကနေပြီးတော့ သူက ဇာတ်လမ်းလေးတစ်ခု လာပေးတယ်ပေါ့နော်။ အဲဒါလေးနဲ့ Collab လုပ်ပြီး ရိုက်ချင်တယ်ပေါ့နော်။ ဇာတ်လမ်းဖတ်ကြည့်လိုက်တော့ သူက အစတုန်းက Libra Diaries မဟုတ်ဘူး၊ ကျွန်တော်ကနေ ဖတ်ရင်းနဲ့ မဟုတ်ဘူးပေါ့နော်။ အဲဒီ ကောင်မလေးက ကောင်လေးနှစ်ယောက်ကြားမှာ သူ ဗျာများတယ်ပေါ့နော်။ အဲဒါနဲ့ တစ်ခုခု Sign တွေနဲ့ ပတ်သက်ပြီး ပေးရအောင်ပေါ့။ အဲဒါနဲ့ Libra Diaries ဆိုပြီးတော့ဖြစ်သွားတာ။ ကျွန်တော် ကိုယ်တိုင်လည်း Libra ဆိုတော့ ပြီးတော့ထပ်ရွေးတုန်းကလည်း အဲဒီမှာတစ်ခါတည်း မျက်နှာထဲမှာ ပြေးမြင်တာ ဟန်လေး။ ဟန်လေးနဲ့ရိုက်ဖြစ်သွားတာပါ။ ဒီဇာတ်ကားလေးက Libra Diaries ဆိုတဲ့အတိုင်းပဲ ဒီကားက ချစ်စရာကောင်းတဲ့ ရိုမန့်လေးပါ”လို့ Y Creative က CEO ရဲအောင်မင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း Skyrim & YaYa၊ ဒါရိုက်တာ စမ်းဝတီက နိုဝင်ဘာလကုန်ပိုင်းမှာ ရန်ကုန်မြို့မှာ ချစ်စရာကောင်းတဲ့ ရိုမန့်ဇာတ်လမ်းပုံစံ စတင်ပုံဖော်မှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Roy၊ ဟန်နရီထူးမြတ်၊ ဟန်လေး စတဲ့ အနုပညာရှင်များ ပါဝင်ထားကြမှာလည်း ဖြစ်ပါတယ်။
#Roy #ဟန်နရီထူးမြတ် #ဟန်လေး #Roy #HenryHtooMyat #HanLay #MyanmarActor #MyanmarActress #ZLannApplication #LibraDiaries #ZLanApp #YCreative #ZEntertainment #MiniSeries #MTEntertainment.









