April 19, 2024

MT News

Written by Peya

NUG မှ လူ့အခွင့်အရေးအကြံပေးအဖြစ် ခန့်အပ်ထားသူ ဦးအောင်ကျော်မိုး၏ အကိုဖြစ်သူသည် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ ၇ ရက် ညပိုင်း ၁၁ နာရီ အချိန်ခန့်က သာကေတမြို့နယ်၊ ဒေါပုံနွယ်အေးဗလီအနီးတွင် ဦးသန်းမြင့်သည် ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသ-တ်ခံရတာမှန်တယ်။ သေဆုံးသူက အသက် ၄၀ နဲ့ ၅၀ ကြား ဝန်းကျင်လောက် ရှိမယ် ထင်တယ်။ အခုတော့ ကျူးလွန်သူတွေကို ဖမ်းမိဖို့ လုပ်နေတယ်။ ကျွန်တော်လည်း ဒီလောက်ပဲ သိပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ​ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ NUG ၏ အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အကိုအကြီးဆုံးသည် အမည်မသိ လူတစ်စု၏ သ-တ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း ရေးသားထားသည်ကို တွေ့မြင်ရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *