April 25, 2024

၉. ၅. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ စက်သုံးဆီလက်လီဈေးနှုန်း ငါးရက်အတွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၁၀၀ ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့ပြီး ရက်အလိုက် ဈေးနှုန်းအတက်အကျများ ဖြစ်ပေါ်နေကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြည်တွင်းစက်သုံးဆီ တစ်လီတာဈေးနှုန်းများသည် ဇွန်လ ၅ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၁,၉၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၀၃၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၁,၈၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁,၉၂၀ ကျပ်သာရှိခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရည်။

ဇွန်လ ၉ ရက် (ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၀၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၁၃၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၁,၉၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၀၃၀ ကျပ် အထိ အသီးသီးမြင့်တက်ခဲ့ပြီး ငါးရက်အတွင်း စက်သုံးဆီအမျိုးအစားအပေါ်မူတည်၍ တစ်လီတာကို ၉၅ ကျပ်မှ ၁၁၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့တစ်ရက် တက်လိုက် မနက်ဖြန်ကျရင်ကျနေရော။ ဒီနေ့ ၁၉၀၀ ကျော်ဆို မနက် ၂,၀၀၀ ကျော်ရင် ကျော်သွားပြန်ရော။ ဓာတ်ဆီ 92 က ၁,၉၂၀ အထိ ကျသေးတယ်။ နောက်နေ့ကျရင် ၂,၀၂၀ အထိ ထပ်တက်ရင် တက်ပြန်ရော။ နောက်နေ့ကျရင် ၁,၉၆၀ ကျော် ဖြစ်သွားပြန်ရော။ မနေ့ကတင် ၁,၉၉၀ ကျော်ကို ဒီနေ့ ၂,၀၃၅ ကျပ် ဖြစ်သွားပြန်ပြီ။ ကျတော့ ၁၀ နဲ့ ၂၀ လောက်ကျတာ။ တက်ရင်တော့ ၈၀၊ ၁၀၀ အဲဒီလိုမျိုးတက်တာ” ဟု တက္ကစီယာဥ်မောင်းတစ်ဦးက ပြောသည်။

ဇွန်လ ၆ ရက်တွင် တစ်ရက်အတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ၈၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၈၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၁၀၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၀၅ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့သည်။

သို့သော်လည်း ဇွန်လ ၇ ရက်တွင်မူ ဓာတ်ဆီ ၉၂ တစ်လီတာ ၄၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၅ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၅၀ ကျပ် ဈေးနှုန်းပြန်လည်ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ရက်အလိုက် ဈေးနှုန်းအတက်ကျ ပြောင်းလဲမှုများဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *