၃၁. ၅. ၂၀၂၃
Written by Thettant

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လအတွင်း ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအောင်မြင်ပြီးနောက် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို လာမည့် ဇွန်လ ၆ ရက်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် စတင်ကျင်းပမည်ဖြစ်ကာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းမှာ အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ)တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေသည်ဟု သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲကြို ပြင်ဆင်မှုအတွက် AYA Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့ရှိ J Village National Training Center သို့ မေ ၁၉ မှ ၂၇ ထိ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ လေ့ကျင့်နေသည့် ကာလအတွင်း မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းများ၏ နည်းစနစ်အကြံပေး Uki Tetsuro ၏ ချိတ်ဆက်မှုဖြင့် လေ့ကျင့်ခြေစမ်းပွဲ (Training match) နှစ်ပွဲကိုလည်း ကစားခဲ့သည်ဟု သိရသည်။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည် ဇွန်လ ၆ ရက်တွင် နီပေါအသင်း၊ ၈ ရက်တွင် တရုတ်(တိုင်ပေ) အသင်း၊ ၁၀ ရက်နေ့တွင် တရုတ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မြန်မာအသင်း၏ ပွဲစဉ်များကို ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Ref: MFF

Leave a Reply

Your email address will not be published. Required fields are marked *