ဆားတောင်မိုးကြိုး PDF အဖွဲ့က ပြည်သူတစ်ဦးအား ူစောထီးစွပ်စွဲကာ သတ်ဖြတ်ထားမှုကို တွေ့ရစဥ်

၁၄. ၁၀. ၂၀၂၂

Written by Nay Moe

ပျူစောထီးဟုစွပ်စွဲကာ ဝက်လက်မြို့နယ် သရက်ကြီးရွာ ပြည်သူတစ်ဦးအား ဆားတောင်မိုးကြိုး PDF အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် နဖူးအား ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု သိရသည်။

“မနက် ၈ နာရီအချိန်ခန့်က သရက်ကြီးရွာနေ ပျူစောထီး ဦးသင်္ကြန်အား ကျွန်တော်တို့ ဆား​​တောင်မိုးကြိုးအဖွဲ့မှ သရက်ကြီးရွာထိပ်တွင် ရှင်းလင်းသုတ်သင်ခဲ့သည်။ အဆိုပါ ပျူစောထီးသည် ရွာသာကြီးရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနှင်းစဥ်က လမ်းပြအဖြစ်လိုက်ပါ ခေါ်ဆောင်ခဲ့သူ ဖြစ်သည်” ဟု ဆားတောင်မိုးကြိုးအဖွဲ့က စွပ်စွဲခဲ့သည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ တန့်ဆည်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး PDF များ ထိခိုက်သေဆုံးမှုများပြားလာပြီးနောက် တပ်မတော်စခန်းချရာ ရွာများ၊ တည်ငြိမ်အေးချမ်းမှုရှိနေပြီး PDF မရှိသောရွာများမှ ပြည်သူများအား ူစောထီးရွာဟု သမုတ်ကာ တိုက်ခိုက်ခြင်းများ၊ ူစောထီးစွပ်စွဲကာသတ်ဖြတ်မှုများ နေ့စဥ်ပြုလုပ်နေသည်။

အောက်တိုဘာ ၁၃ ရက်တွင်လည်း တပ်မတော်စခန်းကုန်းအနီးတွင်ရှိနေသည်ဟုဆိုကာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀)နှစ် ဝါတော်(၂၀)ဝါသည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) Hijet အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်အရောက် PDF အဖွဲ့ အင်အား ၁၅ ဦး(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းအား ဖြတ်၍ အဆိုပါကျောင်းရှေ့ လမ်းမပေါ်တွင်ထားခဲ့ပြီး Hijet အဖြူရောင်ယာဉ်အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News