၁၄. ၁၀. ၂၀၂၂

Written by Hey Mar

မြန်မာ့ထောပတ်သီး စျေးကွက်သစ်တိုးချဲ့နိုင်ရန် အာရှစျေးကွက်ရရှိရေး ထိုင်းကုန်စည်ပြပွဲတွင် မြန်မာထောပတ်သီး ဝင်ရောက်ပြသ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ထောပတ်သီး စျေးကွက်သစ် ရရှိရေးအတွက် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း (MYANMAR ARAVOCADO-MOVA) က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အကူအညီနှင့် ယခုနစ်ထောပတ်ရာသီ၌ ကြိုးပမ်းနေကြခြင်းဖြစ်သည်။

အာရှစျေးကွက်အတွက် ရှေ့လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် Asia Fruit Logistic 2022 ပွဲတွင် ဝင်ရောက်ပြသသွားမည်ဖြစ်သည်ဟု MOVA ၏ တာဝန်ရှိသူထံမှ သိရသည်။

ပြပွဲကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အဓိကစိုက်ပျိုးသည့် ပင်ကာတန်မျိုးနှင့် ကယ်လီဖိုးနီးယား မျိုးစိတ်ဖြစ်သည့် Hass မျိုး ထောပတ်သီးများ အဓိက ပြသရောင်းချသွားမည်ဟုလည်း သိရသည်။

ထောပတ်သီးကို မြန်မာနိုင်ငံတွင် ကြိတ်ချေပြီး ဖျော်ရည် ပြုလုပ် သောက်သုံးသည်ကသာ အများဆုံးဖြစ်ပြီး၊ အခြား ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နည်းပညာပိုင်း ပူးပေါင်းလုပ်ဆောင်မှုများအား ပြုလုပ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးလျှက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ထောပတ်သီးနှင့်ပြုလုပ်သည့် ထောပတ်သီး ခေါက်ဆွဲခြောက်နှင့် ခေါင်းလိမ်းဆီများ ပြည်တွင်း၌ ထုတ်လုပ်လျှက်ရှိပြီး စျေးကွက် မတွင်ကျယ်သေးဟု ရှမ်းပြည်နယ် နောင်ချိုမြို့၌ ထောပတ်သီးစိုက်တောင်သူတစ်ဦးက MT News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *